FIDSL Lab

စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးရေးအထောက်အကူပြုဓါတ်ခွဲခန်း

(Food Industry Development Supporting Laboratory – FIDSL)
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) သည် စားသောက်ကုန် များ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည်အသွေးများကို စစ်ဆေးပေးနိုင်ရန်အတွက် စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဓါတ်ခွဲခန်း (Food Industry Development Supporting Laboratory-FIDSL) ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဓါတ်ခွဲစမ်း သပ်စစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

FIDSL ဓါတ်ခွဲခန်းသည် –

• ခေတ်မီသော ဓါတ်ခွဲခန်းသုံးစက်ပစ္စည်းများအား အသုံးပြုပြီးစမ်းသပ်ပေးခြင်း
• နိုင်ငံတကာ၏အကူအညီဖြင့် ဓါတ်ခွဲခန်းသင်တန်းများတက်ရောက်ထားသော ၀န်ထမ်းများမှ ဓါတ်ခွဲစမ်းသပ်ပေးခြင်း
• ဓါတ်ခွဲစမ်းသပ်မှုများတိကျမှန်ကန်နိုင်ရန်အတွက် နိုင်ငံတကာရှိဓါတ်ခွဲခန်းများနှင့် ဓါတ်ခွဲခန်းကျွမ်းကျင်ယှဉ်ပြိုင်မှုအစီအစဉ်များတွင် ပါ၀င်လုပ်ဆောင်ထားခြင်း (Participation in Proficiency Test)
• Micro Lab သည် ISO/IEC 17025 : 2017 ကို Singapore Accreditation Council မှ ရရှိထားခြင်း စသည်တို့ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော စားသောက်ကုန် ဓါတ်ခွဲခန်းတစ်ခုဖြစ်ပါသည်။

FIDSL တွင်

• စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြရန်လိုအပ်သည် အဟာရဓါတ်ဆိုင်ရာ အချက်အလက်များ ( Nutritation Facts ) ဓါတ်ခွဲစမ်းသပ်ပေးခြင်း
• စားသောက်ကုန်များတွင် ဘေးအန္တရာယ်ရှိသော အဏုဇီ၀ပိုး (Microorganisms) ပါ၀င်ခြင်းရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း
• စားသုံးဆီအရည်အသွေး (Editable Oil Quality) ဓါတ်ခွဲစမ်းသပ်ပေးခြင်း
• ကော်ဖီနှင့်လက်ဖက်အရည်အသွေး (Coffee and Tea Quality) များကို ဓါတ်ခွဲစမ်းသပ်ပေးခြင်း
• ရေအရည်အသွေး (Water Quality) များကို ဓါတ်ခွဲစမ်းသပ်ပေးခြင်း
• Fortified Rice များတွင်ပါ၀င်သော Vitamin များ Iron, Zinc တို့ကိုစမ်းသပ်ပေးခြင်း
• စားသောက်ကုန်ပစ္စည်းများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော ဓါတ်သတ္ထုပစ္စည်း (Heave Metals) များကို စမ်းသပ်ပေးခြင်း
• စားသောက်ကုန်များတွင် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသည့် မရှိမဖြစ် ဓါတ်သတ္ထုစမ်းသပ်မှု (Essential Minerals) များကို စမ်းသပ်ပေးခြင်း
• အချဉ်ဓါတ် (Acidity) ကို စမ်းသပ်ပေးခြင်း
• Brix စမ်းသပ်ပေးခြင်း
• အရက်ပါ၀င်မှု (Alcohol content) အားစမ်းသပ်ပေးခြင်း
• သံပါ၀င်မှု၊ ဆားပါ၀င်မှု၊ အချိုဓါတ်ပါ၀င်မှု၊ ကစီဓါတ်ပါ၀င်မှုစမ်းသပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်စုံစမ်းမေးမြန်လိုပါက ဖုန်းနံပါတ်-09 887805900, 09 887805910, 09 263213270 (သို့)
E-mail: fidsl.office@gmail.com, mfpea.office@gmail.com သို့ တနလႅာ နေ့မှ သောကြာနေ့အထိ
နေ့စဉ် နံနက် ၉:၀၀ နာရီမှ ၅:၀၀ နာရီအထိ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

FIDSL Pamphlet Cover
FIDSL Pamphlet Inner