[Source – SUSTENT Consulting Pvt. Ltd]
၆.၂ ကျယ်လောင်သော ဆူညံသံများနှင့် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာရပ်များ
ကျယ်လောင်သော ဆူညံသံနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းသည် အလုပ် သမားများကြားတွင် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း နှင့် လူမှု ဆက်ဆံရေးတွင် ခက်ခဲခြင်း စသည့် အမျိုးမျိုးသော ကျန်းမာရေး လက္ခဏာ များကို ဖြစ်ပေါ်စေပြီး အပြုအမူ၊ စိတ်နေစိတ်ထားနှင့် လုပ်ငန်း စွမ်းဆောင် ရည်တို့ကို ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် ဆူညံသံ မြင့်မားခြင်းသည် အသက်ရှူနှုန်း၊ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းနှင့် သွေးတွင်းရှိ ကိုလက်စထရော ကဲ့သို့သော ဇီဝကမ္မ အင်္ဂါရပ်များတွင်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ အိပ်စက်ခြင်းကိုပါ သက်ရောက်မှု ဖြစ်စေသဖြင့် လူများကို အနားမရခြင်းဖြစ်စေကာ အာရုံစူးစိုက်မှု လျော့နည်းလာစေပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာအတွင်း စိတ်နစ်မြှုပ်နိုင်မှု လျော့နည်းလာ စေသည်။
Temporary Worker Initiative Occupational Safety and Health Administration (OSHA) https://www.osha.gov/sites/default/files/publications/OSHA3859.pdf