ဆူညံသံဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းရမလဲ

မြန်မာနိုင်ငံ၏ စားသောက်ကုန်နှင့် အဖျော် ယမကာ လုပ်ငန်းများတွင် ဆူညံသံဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းရမလဲ။

Source – SUSTENT Consulting Pvt. Ltd

အသံညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်သက်သောမူဝါဒဘောင်

လုပ်ငန်းတစ်ခု၏ အသံညစ်ညမ်းမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပြီး (သို့မဟုတ်) သီးသန့် ဆူညံသံထိန်းချုပ်မှု မူဝါဒအဖြစ်လည်း ရှိနေနိုင်ပြီး ဆူညံသံထိန်းချုပ်မှုမူဝါဒ ထုတ်ပြန်ချက်ကို ချမှတ်ခြင်းဖြင့် ဆူညံသံ ထိန်းချုပ်မှုအပေါ် ၎င်းတို့၏ကတိကဝတ်ကို ပြသနိုင်ရမည်။ အဆိုပါ မူဝါဒသည် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနေရမည်။ စောင့်ကြည့်စစ်ဆေးပြီးနောက် မူဝါဒကို ပြန်လည် သုံးသပ်/မွမ်းမံရပါမည်။ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ချမှတ်ရန် အတွက် မူဘောင်တစ်ခု ပါရှိရမည်။မူဝါဒတစ်ခုရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များမှာ-

  • မူဝါဒသည် သင့်အဖွဲ့အစည်းနှင့် ဆက်စပ်မှုရှိရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဦးတည်ချက်များနှင့် သဘောတရားများကို ဖော်ပြရမည်ဖြစ်သည်။
  • ဥပဒေနှင့် စည်းမျဉ်းဥပဒေဆိုင်ရာ လိုအပ်ချက်များ၊ စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရန် အထောက်အကူပြုရမည်။
  • အလုပ်သမားများ၏ ကျန်းမာရေး အတွက် ပိုမိုကောင်းမွန်သော ဆူညံသံထိန်းချုပ်မှုအစီအမံများကို လုပ်ဆောင်ရန် အဖွဲ့အစည်း၏ ကတိကဝတ်ကို ဖော်ပြရမည်ဖြစ်သည်။
  • ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ပြည့်မီရန်အတွက် လိုအပ်သော သတင်းအချက်အလက်နှင့် အရင်းအမြစ်များ ရရှိနိုင်မှုကို သေချာစေရန် စီမံခန့်ခွဲမှု၏ ကတိကဝတ်ကို ပြသရမည်ဖြစ်သည်။

 

၆.၃ ဆူညံသံဖြစ်စေသည့် အဓိကရင်းမြစ်များကို ခွဲခြားသိမြင်ခြင်း။

  • စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံများတွင် အစားအသောက် ပြင်ဆင်ရာ၌ အသုံးပြုသည့် အခွံခွာစက်များ၊ လှီးဖြတ်စက်များ ကဲ့သို့သော စက်များသည် ဆူညံသံများ ဖြစ်ပေါ်လေ့ရှိသည့် အရင်းအမြစ် များတွင် ပါဝင်သည်။
  • ကုန်ပစ္စည်းသယ်ပို့ရာတွင် အသုံးပြုသော ကွန်‌‌ဘေရာကြိုးများ (ကုန်ကြမ်းနှင့် ထုတ်ကုန်များကို သယ်ဆောင်ရာတွင် အသုံးပြုသည်)။
  • စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံများတွင် သိုလှောင်ခြင်းနှင့် အစားအစာ ပြုပြင်ထုတ်လုပ်ရန် လုပ်ဆောင်ချက်များအတွက် အသုံးပြုသည့် ပန်ကာများနှင့် လေမှုတ်စက်များ၊ မော်တာများ၊ ဘွိုင်လာများ၊ ရေခဲသေတ္တာများနှင့် အခြားသောပစ္စည်းများ။
  • ရေနွေးငွေ့ ခလုတ်များနှင့် ပိုက်လိုင်းများမှ ယိုစိမ့်နေစဉ်အတောအတွင်း။
  • ဆူညံသော စက်ပစ္စည်းအဟောင်းများကို အသုံးပြုခြင်း။
  • ကုန်ကြမ်းနှင့် စားသောက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် အကြီးစားယာဉ်များ။

 

၆.၄ အသံအဆင့် တိုင်းတာနိုင်သောကိရိယာများ ဖော်ပြချက်

အသံအဆင့်တိုင်းတာနိုင်သော မီတာများ

  • အသံပိုင်းဆိုင်ရာ တိုင်းတာမှုအတွက် အသုံးပြုထားသော ဆူညံသံ တိုင်းတာခြင်း မူလပထမကိရိယာ
  • ဤနေရာတွင် လိုအပ်ပါက သတ်မှတ် ထားသော ကြိမ်နှုန်းထက်ပိုသော စစ်ထုတ်ကိရိယာ နှင့် စွမ်းအင် အသွင်ပြောင်းကိရိယာ(transducer) မှ လျှပ်စစ်အချက်ပြမှုကို အသံအဆင့်တိုင်းတာနိုင်သော မီတာ၏ အကြို  အသံမြှင့်စက်တွင် ဖြည့်သွင်းတပ်ဆင်သည်။
  • တိပ်ခွေ မှတ်တမ်းတင်စက်ကဲ့သို့သော အခြားကိရိယာများကို ထုတ်လုပ်ရန် သို့မဟုတ် ပြုပြင်ခြင်းနှင့် မီတာပေါ်တွင် တိုက်ရိုက်ဖတ်ရှုရန်အတွက် အချက်ပြချက်ကို ထပ်ဆင့်ပြင်ဆင်ပေးသည်။

အသံပိုင်းဆိုင်ရာ တိုင်းတာမှုအတွက် အသုံးပြုထားသော  မူလပထမ ကိရိယာ အပြင် အခြားသော အသံတိုင်းကိရိယာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်-

  • ကြိမ်နှုန်းစိစစ်ပေးသောစက်(Frequency Analyser)- အသံ (သို့မဟုတ်) တုန်ခါမှုဖြစ်စဉ်များ၏ သက်ရောက်မှုကို အကဲဖြတ်ရန် အသုံးပြုသည်။
  • အသံဖိအား တိုင်းတာသောစက် (Noise Dosimeters)- ပုံမှန်အလုပ်ချိန် အတွင်း အလုပ်သမားများမှ ဆူညံသံနှင့် ထိတွေ့မှုကို သေချာစွာ လေ့လာ စိစစ်နိုင်ရန်အသုံးပြုသည်။
  • ကိုယ်ပိုင်အသံအဆင့်အား တိုင်းတာနိုင်သော မီတာများ- ပုံမှန် အလုပ်ချိန်အတွင်း အလုပ်သမားများတွင် တပ်ဆင်ရန် dosimeters အဖြစ် ဒီဇိုင်းထုတ်ထားသည်။

ပုံ ၁- အသံအဆင့်တိုင်းတာနိုင်သော မီတာများ

Source: Open Source

၆.၅ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများတွင် လိုက်နာကျင့်သုံး ရမည့် ဆူညံသံထိန်းချုပ်မှု ဆောင်ရွက်ချက်များ

အင်ဂျင်နီယာပညာပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ

  • စက်ကိရိယာများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါသည်။ တုန်ခါမှုမဖြစ်စေရန် မူလီနှင့် မူလီခေါင်းများ (nuts and bolt) တပ်ဆင်ခြင်း သင့်တင့်စွာတင်းကျတ်မှု သေချာပါစေ။
  • ရေနွေးငွေ့လိုင်း (သို့မဟုတ်) လေပိုက်လိုင်းများတွင် ဆူညံသံ ဖြစ်စေသော ယိုစိမ့်မှုမှန်သမျှကို ချက်ခြင်း ပြုပြင်သင့်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် စွမ်းအင်ဆုံးရှုံးမှုကိုလည်း သက်သာစေပြီး လည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်မည် ဖြစ်သည်။
  • လိုအပ်သည့်နေရာတိုင်းတွင် ထိခိုက်မှုအသံကို လျှော့ချရန် ရာဘာပြား များကို အသုံးပြုပါ။ ဥပမာအားဖြင့် ကုန်သေတ္တာ ဆေးသည့် အပိုင်း၊ နို့ထုပ်ပိုးမှု အပိုင်းအစရှိသော လုပ်ငန်းများ၊၊ ထိုသို့ လုပ်ဆောင် ခြင်းသည် ဗူးခွံနှင့် ကိုင်တွယ်အသုံးပြုသော စက်ပစ္စည်းများ၏ သက်တမ်းကိုလည်း တိုးစေမည်ဖြစ်သည်။
  • မည်သည့်စက်ပစ္စည်းအသစ်ကိုမဆို ဝယ်ယူစဉ်တွင် ၎င်း၏ဆူညံသံ ထွက်ရှိမှုအဆင့်ကို အမြဲတမ်းထည့်သွင်းစဉ်းစားပါ။ ၎င်း၏ဆူညံသံ ထွက်ရှိမှုအဆင့်သည် တတ်နိုင်သမျှ အနည်းဆုံးဖြစ်သင့်သည်။
  • ရေခဲသေတ္တာ၊ ဘွိုင်လာ၊ ကုန်ပစ္စည်းထုပ်ပိုးခြင်းနှင့် လက်ခံသည့်အပိုင်း အစရှိသော ဆူညံသံထွက်ရှိမှု မြင့်မားသောနေရာများတွင် အခန်း၏ နံရံများကို အသံစုပ် ကိရိယာများဖြင့် ဖုံးအုပ်ထားသင့်သည်။
  • သက်တမ်းကြာရှည်ပြီး ဆူညံသော ပစ္စည်းများကို ပုံမှန် လဲလှယ်ပါ။
  • ကျယ်လောင်သော အသံထွက်ရှိမှုအပိုင်းများကို သီးသန့်ခွဲထုတ်ရန် အတွက် အသံခွဲထုတ်သည့် ကိရိယာကို အသုံးပြုသင့်ပါသည်။ ဆူညံသံထိတွေ့မှုကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသော အလုံပိတ် အခန်းများကို အသုံးပြုပါ။
  • သတ္တုနှင့် ဖန်အစိတ်အပိုင်းများကို ပလတ်စတစ်ဖြင့် အစားထိုးပါ။ ဖန်ဘူးများ (သို့မဟုတ်) ဗူးခွံများ အချင်းချင်း ထိမိခြင်း (သို့မဟုတ်) သတ္တုမျက်နှာပြင်များက ဆူညံသံများစွာကို ထွက်ပေါ်စေသည်။
  • ဆူညံသံထွက်ခြင်းကို လျှော့ချရန်အတွက် အသံထွက်ရှိမှုအား ကာရံထားသော ဒီဇယ်မီးအားပေးစက် (Diesel Generator set)  ကို အသုံးပြုပါ။

ပုံ-၂ ရော်ဘာပြားများနှင့် အသံစုပ်ယူမှုအတွက် အသံလုံသည့် ပိရမစ်များ

ပုံ ၃- ဒီဇယ်မီးအားပေးစက် (Diesel Generator set) ၏အသံထွက်ရှိမှု အကာအရံ

စီမံအုပ်ချုပ်မှုပိုင်းနှင့် ပတ်သက်သော လုပ်ဆောင်ချက်များ

  • ဆူညံသောအလုပ်များတွင် တာဝန်ပေးသော အလုပ်သမား အရေအတွက်ကို ကန့်သတ်ပါ။
  • ဆူညံသောပတ်ဝန်းကျင်တွင် အလုပ်လုပ်နေသော အလုပ်သမားများ၏ အချိန်ကို လျှော့ချရန် အချိန်ဇယားဆွဲပါ။
  • ဆူညံသံထိန်းချုပ်ရန်အတွက် သံမဏိနှင့် Teflon၊ PVC ကဲ့သို့သော တွဲဖက်သုံးနိုင်သော ပစ္စည်းများကို  အသုံးပြုရန် ကြိုးစားပါ။
  • မန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများသည် ထုတ်လုပ်ရေး လုပ်သားများ နှင့်အတူ ဆူညံသံကာကွယ်ပေးသောကိရိယာများ ၀တ်ဆင်သင့်သည်။
  • ဆူညံမှုများအား ယခင်နှစ်များထက် သိသိသာသာ လျော့ကျအောင် ကြံဆစီစဥ်ပေးသော အလုပ်သမားများကို အသိအမှတ်ပြုခြင်း ဆုချခြင်းများ ပြုလုပ်သင့်ပါသည်။
  • ဖြစ်နိုင်ပါက ‘ဆူညံသံစစ်ဆေးမှု’ ကို စွမ်းအင်စစ်ဆေးမှုနှင့်အတူ လုပ်ဆောင်သင့်သည်။
  • ဆူညံသံထိန်းချုပ်မှုအစီအမံများနှင့်ပတ်သက်ပြီး အထူးလေ့ကျင့် ထားသော အဖွဲ့ ဖွဲ့စည်းပေးသင့်သည်။

အထွေထွေဆောင်ရွက်ချက်များ

  • စက်ပစ္စည်း၏ အပြင်ပိုင်းသည် အလွယ်တကူ သန့်စင်နိုင်ရမည်ဖြစ်ပြီး လည်ပတ်နေစဉ်အတွင်း ဆူညံမှုမဖြစ်စေရန် မြေကြီး (သို့မဟုတ်) ဆေးကြောပြီးသော‌ရေများ တင်ကျန်မနေအောင် ပြုလုပ်ရမည်။
  • ဆူညံသံကို လျော့ပါးစေသော ကိရိယာများ ပံ့ပိုးပေးပါ။(ဥပမာ- နားကြပ်)
  • ဆူညံသံကာကွယ်ရေးပစ္စည်းများကို မှန်ကန်စွာအသုံးပြုနိုင်စေရန် သေချာစွာ ပြုလုပ်ရမည်။
  • မကြာခဏဆိုသလို အကြားအာရုံစမ်းသပ်မှု (audiometry) လုပ်ဆောင်သည့် ကုမ္ပဏီများသည် အလုပ်သမား တစ်ဦးချင်းစီကို ဆူညံသံ ကာကွယ်ရေး ကိရိယာများနှင့်  လေ့ကျင့်ပေးပါ။ အလုပ်သမားများတပ်ဆင်မည့် ဆူညံသံ ကာကွယ်ရေး ကိရိယာများသည် အကောင်းဆုံးဖြစ်ပေမည်။