လေထုညစ်ညမ်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဘာကြောင့်ရှိသင့်လဲ

လေထုညစ်ညမ်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဘာကြောင့်ရှိသင့်လဲ

မြန်မာနိုင်ငံရှိ အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းများအတွက် လေထုညစ်ညမ်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဘာကြောင့်ရှိသင့်လဲ။

Source – SUSTENT Consulting Pvt. Ltd

အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည်လည်း အဆောက်အအုံ တွင်းနှင့် ပြင်ပလေထုညစ်ညမ်းမှုဆိုင်ရာ နှစ်ခုတွဲဝန်ထုပ်ဝန်ပိုးတစ်ခုကို ရင်ဆိုင်နေရပါသည်။ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံ သည် မြို့ပြဒေသများတွင် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကို တွေ့ကြုံ နေရသည်။ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းကဏ္ဍတွင် အဓိကအစိတ်အပိုင်းဖြစ်ပါသည်။ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်း များတွင် PM နှင့် VOCs တို့ အဓိကပါဝင်ပြီး လူသားတို့၏ကျန်းမာရေးကို သက်ရောက်စေရုံသာမက လုပ်သားများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လည်း ထိခိုက်စေပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါကဏ္ဍများတွင် ထပ်မံဆွေးနွေးထားသည့် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများ အတွက် လေထုညစ်ညမ်းမှုဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ လိုအပ်လာပါသည်။

ပုံ ၄ – လေထုအရည်အသွေးမြင့်မားစေရန်လိုအပ်ချက်

Source: STENUM Asia

၅.၃   မြန်မာနိုင်ငံရှိလေထုအရည်အသွေးအခြေအနေ

မြန်မာနိုင်ငံသည် အဆောက်အအုံတွင်းနှင့် ပြင်ပလေထုညစ်ညမ်းမှုဆိုင်ရာ နှစ်ခုတွဲဝန်ထုပ်ဝန်ပိုးတစ်ခုကိုရင်ဆိုင်နေရပါသည်။ လက်ရှိတွင်လည်း လူနေအိမ်များတွင် ရေနံဆီ၊ သစ်သား၊ သီးနှံစွန့်ပစ်ပစ္စည်းများကဲ့သို့သော လောင်စာများဖြင့် ချက်ပြုတ်ခြင်းသည် အဆောက်အအုံတွင်း လေထု ညစ်ညမ်းမှုကို ဖြစ်ပွားစေပါသည်။ ထိုလောင်စာများကြောင့် လူနေအိမ်များ အတွင်း လေထုညစ်ညမ်းစေသည့်အရာများနှင့် ထိတွေ့မှုမြင့်မားစေသည်။ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုထိတွေ့ခံစားရစေပါသည်။1

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (၂၀၁၁)၏ မှတ်တမ်းအရ ရန်ကုန်နှင့် မန္တလေးမြို့များသည် PM10 သိပ်သည်းပါဝင်မှုအတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်လေထုအရည်အသွေးစံသတ်မှတ်ချက်ဖြစ်သည့် (၅၀) မိုက်ခရိုမီတာထက် ပိုမိုများပြားနေပြီး PM10 သိပ်သည်းပါဝင်မှုပမာဏ အမြင့်ဆုံးဖြစ်နေပါသည်4 (ပုံ ၁)။ ကံအားလျော်စွာဖြင့် ဆာလဖာဒိုင် အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက် သိပ်သည်းပါဝင်မှုပမာဏ သည် WHO စံသတ်မှတ်ချက်အောက်တွင် ဆက်ရှိနေသော်လည်း မြို့ပြ ဒေသများရှိ အမှုန်သိပ်သည်းပါဝင်မှုသည် သတိပေးအဆင့်သို့ ရောက်ရှိနေ ပါသည်။ မြန်မာနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ်တောဦးစီးဌာန (MOECAF) (၂၀၁၀)အရ ဇီဝပစ္စည်းများ (biomass)၊ အထူးသဖြင့် မီးသွေး၊ နွားချေးနှင့် သီးနှံစွန့်ပစ်ပစ္စည်းများကို လူနေအိမ် များတွင် ချက်ပြုတ်ရန်နှင့် အပူပေးရန်အတွက် အများအပြားအသုံးပြုမှု သည် လေထုထဲတွင် အမှုန်ပမာဏမြင့်မားစွာပါဝင်စေပါသည်။5.

ပုံ ၅ – အရှေ့တောင်အာရှနိုင်ငံများရှိ မြို့တော်များမှ နှစ်စဉ် PM10 (မိုက်ခရိုမီတာ) ထုတ်လုပ်မှု

Source: Achieving Environmental Sustainability in Myanmar by David Raitzer, Jindra Nuella Samson, Kee-Yung Nam.

4WHO. 2019. Preventing harmful effects of air pollution. WHO Myanmar newsletter special: 9 May 2019.

5Raitzer, D., Samson, J.N. and Nam, K.Y., 2015. Achieving environmental sustainability in Myanmar. Asian Development Bank Economics Working Paper Series, (467).

သင်သိပါသလား။

WHO (၂၀၀၇)အရ မြန်မာနိုင်ငံတွင်6

  • အစိုင်အခဲလောင်စာများသုံးစွဲခြင်းမှ ချက်ချင်း/ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကြောင့် ဖြစ်ပွားသည့်သေဆုံးမှုပေါင်း ၁၁၅၉၀ မှု
  • အစိုင်အခဲလောင်စာများသုံးစွဲခြင်းမှ နာတာရှည်ပိတ်ဆို့အဆုတ်ပွရောဂါများကြောင့်ဖြစ်ပွားသည့်သေဆုံးမှု ပေါင်း ၃၀၇၀ မှု

6World Health Organization. Indoor Air Pollution: National Burden of Disease Estimates; WHO: Geneva, Switzerland, 2007.

၅.၄ ပတ်ဝန်းကျင်နှင့်လူသားတို့၏ကျန်းမာရေးအပေါ်သက်ရောက်သော စက်မှုဆိုင်ရာ လေထုညစ်ညမ်းမှုအန္တရာယ်များ

  • လေထုညစ်ညမ်းမှုသည် စက်ရုံများမှအဆိပ်ဓာတ်များပါဝင်သည့် ဓာတ်ငွေ့အခိုးအငွေ့များ ထုတ်လွှတ်မှုကြောင့် သီးနှံများနှင့်သစ်တော များပျက်စီးစေခြင်းအားဖြင့် အနီးပတ်ဝန်းကျင်ကို သက်ရောက်မှု ဖြစ်စေသည်။
  • ထို့အပြင် စက်ရုံရှိမီးခိုးခေါင်းတိုင်မှအမှုန်များ၊ SOx, NOx နှင့် အနက်ရောင်ကာဗွန်များကဲ့သို့သော ဓာတ်ငွေ့ညစ်ညမ်းမှုများ လေထု ထဲသို့ ထုတ်လွှတ်မှုသည် ပတ်ဝန်းကျင်လေထုအရည်အသွေးကို ပျက်စီးစေသည်။ ထိုညစ်ညမ်းစေသည့်အရာများသည် လေထုထဲတွင် အေးမြခြင်းနှင့် ပူနွေးခြင်းအကျိုးဆက်များဖြစ်ပေါ်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုရလဒ်များ ဖြစ်စေသည်။
  • လေထုညစ်ညမ်းမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရေပြားရောဂါများ၊ မျက်စိနာရောဂါများကဲ့သို့သော ကျန်းမာရေး ပြဿနာများအပါအဝင် ကမ္ဘာလုံးဆိုင်ရာဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်။
  • လူသားတို့၏ကျန်းမာရေးသည် လုပ်ငန်းခွင်ဆိုင်ရာထိတွေ့ရမှုများ ကြောင့် များစွာသက်ရောက်မှုဖြစ်စေပါသည်။ လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး မသန့်ရှင်းသည့် အခြေအနေများ နှင့် ထိတွေ့ခံစားရစေနိုင်သည်။
  • ကျန်းမာရေးပြဿနာများသည် ကျပ်ခိုးများ၊ မီးခိုးများနှင့်အမှုန်များ ပါဝင်သည့် လေထုညစ်ညမ်းစေသည့်အရာများ၏ အရွယ်အစား ပမာဏနှင့် ဓာတုပစ္စည်းပါဝင်မှုပေါ်မူတည်ပြီး ချက်ချင်း/ပြင်းထန် ရောဂါများမှ နာတာရှည်ရောဂါများထိကျယ်ပြန့်ပြီး ကင်ဆာရောဂါနှင့် သေဆုံးမှုများထိဖြစ်ပွားနိုင်သည်။8
  • PM5 (အမှုန်၏အရွယ်အစား အချင်း (၂.၅) မိုက်ခရိုမီတာအောက် သေးငယ်သည့်အမှုန်များ) သည် ၎င်းတို့၏ သေးငယ်သော အရွယ်အစားကြောင့် အဆုတ်ထဲတွင် နက်ရှိုင်းစွာ ကပ်ငြိနိုင်ပြီး ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများသာမက သေဆုံးသည်ထိ ဖြစ်ပွားနိုင်ပါသည်။7

သင်သိပါသလား။

WHO အချက်အလက်အရ ၂၀၀၀ ခုနှစ်တွင် အဆောက်အအုံတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုပေါင်း (၁.၅) မီလီယံကျော် ဖြစ်ပွားခဲ့ပါသည်။3

ပုံ ၆ – အဆောက်အအုံတွင်းလေထုညစ်ညမ်းမှု၏သက်ရောက်မှုများ

Source: Tips to control indoor air quality

7Kampa and Castanas. (2007). Human Health effects of air pollution. Environmental Pollution, 151(2). 362-367.

8Eiguren-Fernandez, A., Shinyashiki, M., Schmitz, D.A., DiStefano, E., Hinds, W., Kumagai, Y., Cho, A.K. and Froines, J.R., 2010. Redox and electrophilic properties of vapor-and particle-phase components of ambient aerosols. Environmental research, 110(3), pp.207-212.