ရှေ့သို့ ဆက်ရန်

ရှေ့သို့ ဆက်ရန်

ရှေ့သို့ ဆက်ရန်- နောက်ထပ်ဘာတွေသိထားသင့်သလဲ။

[Source – SUSTENT Consulting Pvt. Ltd]

 ၅.၁၂ အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများ

လေထုညစ်ညမ်းမှုလျှော့ချခြင်းအတွက် လုပ်ငန်းများတွင်တပ်ဆင်အသုံးပြု နိုင်သည့် လေလျော့နည်းစေသည့်နည်းလမ်းအဖြစ်ဖော်ပြထားသော နည်းလမ်းအချို့မှာ –

လေထုညစ်ညမ်းမှု မူလအစနေရာရှိ ဆိုင်ကလုံးအမှုန်စုကိရိယာ

  • ဗဟိုခွာအား (centrifugal forces) သုံးပြီး ကြီးမားသောအမှုန်များ (၁၀ မိုက်ခရိုမီတာထက်ပိုကြီးသောအမှုန်) ကို ခွဲထုတ်ရန်အတွက် အသုံးပြု ပါသည်။
  • ကြီးမားသောအမှုန်များသည် ဆိုင်ကလုံးနံရံကိုရောက်ရှိပြီး အောက်ခြေကန်တော့/ဇလားတွင်စုဆောင်းပါသည်။ သေးငယ်သော အမှုန်များသည် ထွက်သွားသည့်ဓာတ်ငွေ့နှင့်အတူ ဆိုင်ကလုံးအပြင်သို့ ထွက်သွားပါသည်။
  • ဆိုင်ကလုံးတစ်ခု၏ ပျမ်းမျှသက်တမ်း (အသစ်လဲလှယ်ရန်)သည် (၁၀) နှစ်မှ နှစ် (၂၀) အထိဖြစ်ပါသည်။
  • ရင်းနှီးမြှုပ်နှံငွေ နည်းပါးသည်။
  • နေရာလိုအပ်မှုနှိုင်းယှဉ်ချက်အရလည်း နည်းပါးသည်။
  • ခြောက်သွေ့သည့် စုဆောင်းမှုနှင့် ဖယ်ရှားမှုစနစ်ဖြစ်ပါသည်။

 

စစ်ထုတ်အိတ်များ

  • စစ်ထုတ်အိတ် (သို့မဟုတ်) အ၀တ်စစစ်ထုတ်စနစ်သည် စစ်ထုတ် ကြားခံပစ္စည်းကို အမှုန်များပါဝင်သည့်လေများဖြတ်သန်းစေခြင်း ဖြစ်သည်။ လေသည် စစ်ထုတ်ကြားခံပစ္စည်းကို အရှိန်ဖြင့်ဖြတ်သန်းစေ ခြင်းဖြင့် အမှုန်များကိုဖမ်းယူစစ်ထုတ်နိုင်ပါသည်။
  • စစ်ထုတ်အိတ်များသည် ရင်းနှီးမြှုပ်နှံစရိတ်နည်းပါးသော်လည်း စစ်ထုတ်ပစ္စည်းကို ၂ နှစ်မှ ၅ နှစ်အတွင်း တစ်ကြိမ်လဲလှယ်ရသည့် အတွက်ကြောင့် ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားပါသည်။
  • စစ်ထုတ်ပစ္စည်းများသည် ဆိုင်ကလုံးများထက် စွမ်းအင်သုံးစွဲမှု သိသိသာသာလျော့နည်းပြီး အသံဆူညံမှုလည်း နည်းပါးသည်။
  • စစ်ထုတ်အိတ်များသည် အမှုန်ထုတ်လွှတ်မှုကို ၅ မီလီဂရမ်/ သာမန်ကုဗမီတာထိ လျှော့ချနိုင်သည်။

ပုံ ၉ – အမှုန်စစ်ထုတ်အိတ်

Source: Santonja, G.G., Karlis, P., Stubdrup, K.R., Brinkmann, T. and Roudier, S., 2019. Best Available Techniques (BAT) reference document for the food, drink and milk industries. Industrial Emissions Directive 2010/75/EU (Integrated Pollution Prevention and Control), 3.

 

မီးခိုးခေါင်းတိုင်ရှိ တည်ငြိမ်လျှပ်စစ်အားသုံးအမှုန်အနည်ချကိရိယာ (Electrostatic Precipitator)

  • စွန့်ပစ်ဓာတ်ငွေ့များမှ အစိုင်အခဲအမှုန်နှင့် အရည်အမှုန်တို့ကို ခွဲထုတ်ရန် အသုံးပြုပါသည်။
  • အမှုန်များကို လျှပ်စစ်စက်ကွင်း၏ သက်ရောက်မှုအောက်တွင် လျှပ်စစ် ဆွဲအားဖြစ်လာစေပြီး ခွဲထုတ်ခြင်းဖြစ်သည်။
  • ခွဲထုတ်နိုင်သည့်နှုန်းသည် ၉၉.၉ ရာခိုင်နှုန်းထိရှိပါသည်။ (၀.၁) မိုက်ခရို မီတာအောက် သေးငယ်သောအမှုန်များကိုပါ ထိရောက်စွာခွဲထုတ်နိုင် သည်။
  • တည်ငြိမ်လျှပ်စစ်အားသုံးအမှုန်အနည်ချကိရိယာများ၏ ကုန်ကျစရိတ် တွင် လျှပ်စစ်ဓာတ်အားသုံးစွဲကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အနည်ကျပြာမှုန်များကို ပြောင်းရွှေ့စရိတ်များ ပါဝင်သည်။ သို့သော် ယေဘုယျအားဖြင့် ထိုကိရိယာများသည် အမှုန်ထုတ်လွှတ်မှု (သေးငယ်သောအမှုန်များ) ကိုလျှော့ချရန်အတွက် ကုန်ကျစရိတ် သက်သာသည့် ကိရိယာများဖြစ်ပါသည်။

မီးခိုးခေါင်းတိုင်ရှိ စိုစွတ်နည်းဖြင့်ဓာတ်ငွေ့သန့်စင်ကိရိယာများ (Wet Scrubbers)

  • ဤနည်းလမ်းကို VOC သိပ်သည်းပါဝင်မှု၊ အထူးသဖြင့် အယ်လကိုဟော (alcohols)၊ အက်စီတုန်း (acetone) ကဲ့သို့ ရေထဲ ပျော်ဝင်နိုင်သော ဒြပ်ပေါင်းများပါဝင်မှုမြင့်မားသော ဓာတ်ငွေ့ စီးကြောင်းများကို ခွဲထုတ်ခြင်းနှင့်သန့်စင်ခြင်းများအတွက် အသုံးပြု ပါသည်။
  • ပျော်ဝင်ဓာတ်ငွေ့နှင့် ဖျော်ရည်ကြား ဒြပ်ထုပြောင်းလဲမှုဖြစ်ပေါ်စေ သည့် စုပ်ယူခြင်းအခြေခံသဘောတရားကို အသုံးပြုပါသည်။
  • ယေဘုယျအားဖြင့် အမိုးနီးယား (ammonia)၊ အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများကို ဖမ်းယူရန်နှင့် အနံ့ထုတ်လွှတ်မှုများ လျှော့ချရန်အတွက် အသုံးပြုသည်။

ထိုနည်းလမ်းများအပြင် ကုမ္ပဏီ/လုပ်ငန်းတွင် လုပ်သားများအပေါ် လေထု ညစ်ညမ်းမှုသက်ရောက်ခြင်းများလျှော့ချနိုင်ရန်အတွက် ရည်စူးသတ်မှတ် ထားသည့် လေထုအရည်အသွေးဆိုင်ရာကျွမ်းကျင်သူတစ်ဦး (အချိန်ပိုင်း/ အချိန်ပြည့်) ရှိသင့်ပါသည်။ လုပ်ငန်းများလိုက်နာဆောင်ရွက်နိုင်သည့် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှုများမှာ –

စီမံခန့်ခွဲမှုအာမခံချက်ရှိခြင်း

စီမံခန့်ခွဲမှုအာမခံချက်သည် စဉ်ဆက်မပြတ်၊ ကာလရှည်ကြာကြိုးစား အားထုတ်မှုများအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။

ပူးပေါင်းဆောင်းရွက်မှုနည်းလမ်းကိုလိုက်နာခြင်း

ပဏာမဆောင်ရွက်မှုကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ နောက်ကွယ်မှအဖွဲ့တစ်ခုလုံး ပါဝင်လာရန် လိုပါသည်။ အဖွဲ့ဝင်များကို စံပြုလုပ်ဆောင်မှုနည်းစဉ်များ၊ ထိုစီမံချက် ပြုလုပ်ရန် လိုအပ်ချက်တို့နှင့်ပတ်သက်သည့် သင်တန်းများ ပို့ချပေးရန် လိုအပ်ပါသည်။ သို့မှသာ ထိုစီမံချက်စတင်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိအောင် ကူညီပေးနိုင်ပါမည်။

ရည်မှန်းချက်ချမှတ်ခြင်း

ဖွဲ့စည်းပုံစနစ်တွင် စဉ်ဆက်မပြတ်တိုးတက်စေရန်အလို့ငှာ သတ်မှတ်အချိန် ကာလအတွက် ကောင်းစွာချမှတ်ထားသောရည်မှန်းချက်ကို သက်သေပြ ရန် လိုအပ်ပါသည်။ သင်လိုချင်သောအရာကို ရရှိအောင်မြင်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပါ။ ဥပမာအားဖြင့် စက်ရုံအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏလျော့နည်းရန် စက်ရုံတွင်း၌ အိမ်တွင်းစိုက် အပင်များစိုက်ပျိုးရန် ရည်မှန်းချက်ချမှတ်ပါ။

နည်းပညာလွှဲပြောင်းမှု ကျယ်ပြန့်အောင်ဖြန့်ကက်ခြင်းနှင့် အရှိန်မြှင့်ခြင်း

ပတ်ဝန်းကျင်နှင့်ကျန်းမာရေးအပေါ် လေထုညစ်ညမ်းမှုအကျိုးဆက်များ လျော့နည်းစေရန်အတွက် နောက်ဆုံးပေါ်နည်းပညာများအကြောင်း ကောင်းစွာသတင်းရယူရန်နှင့် ဖြစ်နိုင်လျှင်အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ နားလည်သိရှိမှုကျယ်ပြန့်စေရန်အတွက် အခြားသူများကို လည်း ထိုအကြောင်းအရာများကို သတင်းပေးပို့ပါ။

ပြုမူလုပ်ဆောင်ပုံပြောင်းလဲခြင်း

သင်သည်လိုအပ်သည့်ပြောင်းလဲမှုများ လုပ်ဆောင်ရန်ကြိုးစားသည့်အခါ သဘောထားခံယူချက်သည် အရေးကြီးပါသည်။ ဝန်ထမ်းအဖွဲ့များနှင့် အလုပ်လုပ်ကိုင်ခြင်းဖြင့် ထိုသူတို့၏ သဘောထားခံယူချက်ကို နားလည်ရန် လွယ်ကူပြီး အဖြေရှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။ အဆောက်အအုံတွင်းလေထုညစ်ညမ်းမှု၏ သက်ရောက်မှုကို လျှော့ချရန် အတွက် လုပ်သားများ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ –

  • စက်ရုံတွင်း ဆေးလိပ်သောက်ခြင်း တားမြစ်ပါ။
  • လုပ်သားများ၏ အနီးပတ်ဝန်းကျင်တွင် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအခြေအနေများကို ထိန်းသိမ်းပါ။
  • အစားအစာပြင်ဆင်ခြင်းလုပ်ဆောင်မှုများ ဆောင်ရွက်စဉ် မျက်နှာ အကာအကွယ်ဝတ်ဆင်ပါ။ သို့မှသာ အဆောက်အအုံတွင်းလေထု ညစ်ညမ်းမှုနှင့် ထိတွေ့ခြင်းကို လျှော့ချနိုင်ပါမည်။
  • သင့်လျော်သည့် လေဝင်လေထွက်စနစ် သေချာအောင်ပြုလုပ်ပါ။

၅.၁၃ ဆန်းသစ်လာသော နည်းပညာအသစ်များ

စာတမ်းများတွင်သတ်မှတ်ချက်အရ လက်ရှိအသုံးပြုနေသည့် အဆောက် အအုံတွင်းအမှုန်အာရုံခံပစ္စည်းအချို့မှာ –

ဇယား ၈ – ဆန်းသစ်လာသော နည်းပညာအသစ်များ

စာရေးသူ ကိရိယာနှင့် အရွယ်အစား သိပ်သည်းပါဝင်မှုအတိုင်းအဆ အသုံးပြု သည့် အာရုံခံ ကိရိယာ အသေးစိတ်ဖော်ပြချက်
Manikonda et al, 2016 Speck 2.0

DSM501A (၀.၅ – ၃ မိုက်ခရိုမီတာ)

၀ – ၆၄၀ မိုက်ခရိုဂရမ်/ကုဗမီတာ Speck DSM501A 13ဖြန့်ကြဲအလင်းကိုစူးစမ်း ခြင်းဖြင့် အမှုန်သိပ်သည်း ပါဝင်မှုကို တိုင်းတာခြင်း
Besser and Heimbinder. 2014

(Habitat Map, 2014)

Air Beam

Air Casting (၀.၅ – ၂.၅ မိုက်ခရိုမီတာ)

၀ – ၄၀၀ မိုက်ခရိုဂရမ်/ကုဗမီတာ Shinyei PPD60PV 14PM2.5, နှိုင်းယှဉ်စိုထိုင်းမှုနှင့် အပူချိန်တိုင်း အာရုံခံ ကိရိယာ။ အမှုန်အာရုံခံ  နယ်ပယ်ရှိ လေကိုဆွဲ ထုတ်ရန် အတွင်းရှိပန်ကာ ကိုသုံးပါ။
Sousan et al., 2016 DC-1700 (၀.၅ မိုက်ခရိုမီတာထက်ကြီးသောအမှုန်) ၀ – ၁၀၀၀၀၀၀ အမှုန်များ/        ကုဗစင်တီမီတာ DC-1700 sensor 15လေကိုဆွဲထုတ်ရန် ပန်ကာတပ်ဆင်ထားသည်။ အမှုန်အသေးနှင့်အကြီးတို့၏ သိပ်သည်းပါဝင်မှုကို ဖော်ပြပေးသည်။
Sousan et al., 2017 Foobot Analyser (၀.၃ – ၂.၅ မိုက်ခရိုမီတာ) ၀ – ၁၃၀၀ မိုက်ခရိုဂရမ်/ကုဗမီတာ Sharp GP2Y

10

AU0F

16 LED သုံးပြီး အဆောက်အအုံတွင်း ညစ်ညမ်းမှုဖြစ်စေသည့် အရာများကို ပြသပေးသည်။ တကယ့်အချိန်ရှိ အချက် အလက်ကို ပြသပြီး ညစ်ညမ်းမှုပုံစံကို ပုံကြမ်း ဆွဲနိုင်သည့်အပြင် သက်ဆိုင် ရာရင်းမြစ်များကိုလည်း ခွဲခြားပေးသည်။

13Manikonda, A., Zíková, N., Hopke, P.K. and Ferro, A.R., 2016. Laboratory assessment of low-cost PM monitors. Journal of Aerosol Science, 102, pp.29-40. Moore, D., 2014. Handbook of Spectroscopy. s.I.:Wiley-VCH verlag

14Air Beam Technical Specifications, Operation & Performance. The HabitatMap & AirCasting.

15Sousan, S., Koehler, K., Hallett, L. and Peters, T.M., 2016. Evaluation of the Alphasense optical particle counter (OPC-N2) and the Grimm portable aerosol spectrometer (PAS-1.108). Aerosol Science and Technology, 50(12), pp.1352-1365.

16Sousan, S., Koehler, K., Hallett, L. and Peters, T.M., 2017. Evaluation of consumer monitors to measure particulate matter. Journal of aerosol science, 107, pp.123-133.