ရှေ့သို့ ဆက်ရန်- နောက်ထပ်ဘာတွေသိထားသင့်သလဲ

ရှေ့သို့ ဆက်ရန်- နောက်ထပ်ဘာတွေသိထားသင့်သလဲ

Source – SUSTENT Consulting Pvt. Ltd

၆.၆  အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများ

ကုမ္ပဏီ/စက်ရုံများတွင် အလုပ်သမားများအပေါ် ဆူညံသံညစ်ညမ်းခြင်း သက်ရောက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်သော အသံဆူညံမှုဆိုင်ရာ ကျွမ်းကျင်သူ (အချိန်ပြည့်/အချိန်ပိုင်း) တစ်ဦး   ရှိသင့်သည်။

လုပ်ငန်းတွင် လိုက်နာရမည်ဖြစ်သော အကောင်းဆုံး လက်တွေ့ လုပ်ဆောင်မှုများမှာ-

စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ကတိကဝတ်ရှိခြင်း

စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန်နှင့် ရေရှည်ကြိုးပမ်းအားထုတ်မှုများအတွက် စီမံခန့်ခွဲမှုကတိကဝတ်သည် မရှိမဖြစ်လိုအပ်ပါသည်။

နည်းပညာလွှဲပြောင်းမှု ကျယ်ပြန့်အောင်ဖြန့်ကျက်ခြင်းနှင့် အရှိန်မြှင့်ခြင်း

နောက်ဆုံးပေါ်နည်းပညာများအကြောင်း ကောင်းစွာသိရှိထားရန်နှင့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် သက်ရောက်သော ဆူညံသံ ညစ်ညမ်းမှုကို လျှော့ချရန်အတွက် ဖြစ်နိုင်သမျှနေရာတိုင်းတွင် ၎င်းတို့ကို အကောင်အထည်ဖော်ရန် အရေးကြီးပါသည်။ ထို့အပြင် အသိပညာ ပြန့်ပွားစေရန်အတွက် အခြားသူများကိုလည်း အလားတူ အသိပေးပါ။

ပြုမူလုပ်ဆောင်ပုံပြောင်းလဲခြင်း

လိုအပ်သော ပြောင်းလဲမှုကို လုပ်ဆောင်ရန် ကြိုးစားနေချိန်တွင် ခံယူချက် စိတ်ထားသည် အရေးကြီးပါသည်။ဝန်ထမ်းများနှင့် အဖွဲ့လိုက်လုပ်ဆောင်  ခြင်းသည် ၎င်းတို့၏ သဘောထားကို ပိုမိုနားလည်လာပြီး ဖြေရှင်းချက်များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပါသည်။ ဆူညံသံများကြားရခြင်း နှင့် ဆူညံသံညစ်ညမ်းမှုသက်ရောက်ခြင်းကို လျှော့ချရန်အတွက် အလုပ်သမား များသည် ဆူညံသံမှ ကာကွယ်ပေးသော ကိရိယာများ တပ်ဆင်သင့်သည်။

၆.၇ ဆန်းသစ်လာသောနည်းပညာများ

စက်ရုံရှိ ဆူညံသံအဆင့်ကို လျှော့ချရန်အတွက် စက်ပစ္စည်းကိရိယာ (သို့မဟုတ်) စက်၏ ‘ဆူညံသံအဆင့်’ ကို ၎င်းပစ္စည်းများ ဝယ်ယူစဉ်တွင် ထည့်သွင်းစဉ်းစားသင့်သည်။

ထို့အပြင် ဆူညံသံထိန်းချုပ်မှုအတွက် ပညာရပ်ပိုင်းဆိုင်ရာမှ သတ်မှတ် ပြဌာန်းထားသည့် တိုးတက်လာသော ရွေးချယ်စရာ နည်းလမ်း  အချို့ကို အောက်တွင်ဖော်ပြထားသည်-

  • အလွှာအများအပြားပါရှိသော အတားအဆီးများနှင့်စုပ်ယူနိုင်သည့်အရာများ
  • အလွန်ပါးလွှာသောစုပ်ယူနိုင်သည့်အရာများ
  • ပေါင်းစပ်ထားသော သတ္တုပစ္စည်းများ
  • Dimension (၃) ခုဖြင့် ပြုလုပ်ထားသော အသံစုပ်ယူမှု ပစ္စည်းများ
  • ဘက်စုံသုံး အသံပိုင်းဆိုင်ရာ ပစ္စည်းများဆူညံသံထိန်းချုပ်နိုင်သော ပစ္စည်းများကို ဝယ်ယူသူစိတ်ကြိုက် ထုတ်လုပ်ခြင်း။