အစားအစာနှင့် အဖျော်ယမကာ စက်ရုံများမှ လေထုညစ်ညမ်းမှုကို ဘယ်လို ထိန်းချုပ်ရမလဲ

အစားအစာနှင့် အဖျော်ယမကာ စက်ရုံများမှ လေထုညစ်ညမ်းမှုကို ဘယ်လို ထိန်းချုပ်ရမလဲ

မြန်မာနိုင်ငံရှိ အစားအစာနှင့် အဖျော်ယမကာ စက်ရုံများမှ လေထုညစ်ညမ်းမှုကို ဘယ်လို ထိန်းချုပ်ရမလဲ။ 

Source – SUSTENT Consulting Pvt. Ltd

အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းများအတွင်းလေထုတွင် ပျံ့နှံ့အမှုန် များ၊ လောင်စာလောင်ကျွမ်းမှုမှ ဓာတ်ငွေ့အခိုးအငွေ့များနှင့် ပိုးမွှားများ ပါဝင်သည်။ ထိုမသန့်ရှင်းသည့်လေထုတည်ရှိနေခြင်းသည် လုပ်သားများ၏ ကျန်းမာရေးကိုသက်ရောက်စေရုံသာမက အစားအစာညစ်ညမ်းမှုများ လည်း ဖြစ်စေသည်။ ထို့ကြောင့်အဆောက်အအုံတွင်းလေထုညစ်ညမ်းမှု၏ သက်ရောက်မှုကို လျော့နည်းစေမည့်စီမံချက်များ လုပ်ဆောင်ရန်လိုအပ်ပါ သည်။ အောက်ဖော်ပြပါအပိုင်းကဏ္ဍတွင် အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းများရှိ လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်သည့်စီမံချက်များကို ဆွေးနွေးပါမည်။

လေထုညစ်ညမ်းမှုထိန်းချုပ်ရန်အတွက်မူဝါဒများဖော်ဆောင်ခြင်း

လုပ်ငန်းတစ်ခုတွင် လေထုအရည်အသွေးဆိုင်ရာမူဝါဒ ချမှတ်ထားခြင်းဖြင့် ၎င်း၏စီမံခန့်ခွဲမှုသည် လေထုအရည်အသွေးစီမံမှုဆီသို့ဦးတည်သည့် ကတိ အာမခံချက်များပါ၀င်ကြောင်း ပြသထားနိုင်သည်။ ထိုမူဝါဒသည် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၏ အစိတ်အပိုင်း (သို့မဟုတ်) လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး သီးခြားမူဝါဒတစ်ခုလည်း ဖြစ်နိုင်ပါသည်။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်လည်း ချိန်ညှိရပါမည်။ ၎င်းတွင် လေထုအရည်အသွေး စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်များနှင့် ဦးတည်ချက်များကို ခိုင်မာစေရန် အတွက် ကန့်သတ်ချက်မူဘောင်တစ်ခုပါဝင်ရမည်။ မူဝါဒကို စောင့်ကြည့် စစ်ဆေးပြီးနောက် ပြန်လည်ဆန်းစစ်ခြင်း/ပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ်ဆောင်ရမည်။ မူဝါဒတစ်ခုဖော်ဆောင်နေစဉ် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ –

  • မူဝါဒသည် အဖွဲ့အစည်းနှင့် ဆက်စပ်သည့်အကြောင်းအရာ ဖြစ်ရမည့် အပြင် အကောင်အထည်ဖော်မည့်လုပ်ဆောင်ချက်များအတွက် လမ်းညွန်ချက်နှင့် အခြေခံသဘောတရားတို့ကို သိရှိစေရပါမည်။
  • ၎င်းသည် ဥပဒေရေးရာနှင့် စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာလိုအပ်ချက် များ၊ အာမခံချက်ပေးထားသည့်တာဝန်၊ ဝတ္တရားတို့ကို ဖြည့်စွမ်းနိုင်ရန် အကူအညီဖြစ်စေရမည်။
  • ၎င်းသည် လုပ်သားများ၏ပိုမိုကောင်းမွန်သောကျန်းမာရေးအတွက် လေထုအရည်အသွေးကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရန် အဖွဲ့အစည်း၏ကတိအာမခံချက်များကို သိရှိဆောင်ရွက်စေရမည်။
  • ၎င်းသည် ရည်ရွယ်ချက်များနှင့် ဦးတည်ချက်များကို အောင်မြင်ရရှိစေ ရန် လိုအပ်သည့်သတင်းအချက်များနှင့် အရင်းအမြစ်များ ရရှိနိုင်မှုကို သေချာစေမည့် အဖွဲ့အစည်း၏အာမခံချက်ကိုလည်း ပြသထားရမည်။

ဖွဲ့အစည်းစီမံခန့်ခွဲမှုသည် မူဝါဒကို လုပ်ငန်းရှိအလုပ်သမားများအားလုံး ဝင်ရောက်ကြည့်ရှူနိုင်မည့် စာရွက်စာတမ်းတစ်ခုအဖြစ် ရရှိနိုင်မှု သေချာ စေရမည်။ အဖွဲ့အစည်းရှိ အလုပ်ဌာနမျိုးစုံမှ ဝန်ထမ်းများသည် မူဝါဒနှင့် ပတ်သက်၍ရှင်းလင်းသိရှိပြီး ဆက်သွယ်လုပ်ကိုင်နိုင်မည့် အားထုတ်မှုများ ထည့်သွင်းထားရမည်။ သို့မှသာ ထိုမူဝါဒကိုနားလည်သဘောပေါက်၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး တိုးတက်မှုများကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်ပါမည်။

၅.၅ ဒါရိုက်တာ၊ မန်နေဂျာ၊ ဝန်ထမ်းများပါဝင်သော လေထုအရည်အသွေး စီမံခန့်ခွဲမှုဘုတ်အဖွဲ့အတွက် အသိပညာပေးခြင်း/နိုးကြားတက်ကြွစေခြင်း အခန်းကဏ္ဍ

  • လေထုညစ်ညမ်းမှုပြဿနာကြီးမားမှုကို ဝန်ထမ်းများနိုးကြားသိရှိစေ ရန် မြန်မာနိုင်ငံရှိ လေထုညစ်ညမ်းမှုပြဿနာများကို မီးမောင်းထိုးပြ ထားသည့် ပိုစတာများနှင့်လက်ကမ်းစာစောင်များ အသုံးပြုပါ။
  • သတင်းဆောင်းပါးများသည် ကောင်းမွန်သောကိရိယာများဖြစ်သည် – လေထုညစ်ညမ်းမှုသည် လုပ်ငန်းအစီအစဉ်အတွက် အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များသိရှိအောင်ပြုလုပ်ပါ။
  • အလုပ်လုပ်ကိုင်နေစဉ် သန့်ရှင်းရေးအလေ့အကျင့်များနှင့်ပတ်သက်၍ တိုက်တွန်းပါ။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးသက်ရောက်မှု များလျော့ချရန် တစ်ကိုယ်ရေကျန်းမာရေးအကာအကွယ်ပစ္စည်းများ (PPEs) ထောက်ပံ့ပါ။
  • လုပ်ငန်းတွင်း လေထုညစ်ညမ်းစေသည့်အရာများနှင့် ထိတွေ့မှုကို လျှော့ချရန်အတွက် လိုအပ်လျှင် PPEs ကို သင့်လျော်စွာ အသုံးပြု နိုင်ရေးအလေးထားရန် ဝန်ထမ်းများကို နှိုးဆော်ပါ။
  • လုပ်ငန်းတွင်း လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် ပြဿနာ ဖြေရှင်းမည့်နည်းလမ်းများကို မိမိတို့ဝန်ထမ်းများ စိတ်ပါဝင်စားအောင် လုပ်ဆောင်ပါ။
  • လုပ်သားများကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအစာဘေးကင်း လုံခြုံရေးဆိုင်ရာ သင်တန်းများ ၁ လ မှ ၃ လအတွင်း တစ်ကြိမ်စီ ဖန်တီးပေးပါ။
  • မိမိပြောသကဲ့သို့ မိမိကိုယ်တိုင်လက်တွေ့လုပ်ဆောင်ပါ – စီမံခန့်ခွဲသူ များနှင့် ဦးစီးခေါင်းဆောင်သူများအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည့် လုံလောက်သောစီမံချက်များကို မိမိတို့ကိုယ်တိုင် လုပ်ဆောင်ပြီးမှသာ ဝန်ထမ်းများကိုလည်း အလားတူအားထုတ်ရန် မျှော်မှန်းပါ။

၅.၆ အစားအစာနှင့်အဖျော်ယမကာစက်ရုံများမှ လေထုထဲ ထုတ်လွှတ်မှု ရင်းမြစ်များကို ခွဲခြားစိတ်ဖြာခြင်း

အစားအစာနှင့်အဖျော်ယမကာစက်ရုံများရှိ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေ သည့် အဓိကကျသော အဆောက်အအုံတွင်းရင်းမြစ်များမှာ –

  • လောင်စာမီးရှို့လောင်ကျွမ်းစေသည့်အသုံးအဆောင်ပစ္စည်းများ။ ချက်ပြုတ်ရေးအတွက် မီးသွေး၊ သစ်သား၊ သီးနှံစွန့်ပစ်ပစ္စည်းများကို သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ရှိအမှုန်ပါဝင်မှုအဆင့်ကို ထပ်မံ၍ ပိုမို ဆိုးရွားစေသည်။
  • ဆေးလိပ်မီးခိုး
  • ဆောက်လုပ်ရေးပစ္စည်းများနှင့် ပရိဘောဂပစ္စည်းအမျိုးအစားအစုံ –
    • ယိုယွင်းပျက်စီးနေသည့် ကျောက်ဂွမ်းပါဝင်သည့် အပူကာပစ္စည်း
    • အသစ်တပ်ဆင်အသုံးပြုသည့် ကြမ်းခင်း၊ ကူရှင်/ဆိုဖာ၊ ကော်ဇော
    • သစ်ကြိတ်သားဖြင့်ပြုလုပ်ထားသော ဗီရို၊ ပရိဘောဂ
  • အရောင်ချွတ်ဆေး (bleach)၊ ကလိုရာမင်း (chloramines) ပါဝင်သည့် လူနေအိမ်သုံးသန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးထုတ်ကုန်များသည် ရှူသွင်းခြင်းနှင့် အရေပြားတွင်ကပ်တင်ခြင်းနည်းလမ်းများဖြင့် ဝင်ရောက်ဓာတ်ပြုပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာကိစ္စရပ်များနှင့် ဓာတ်မတည့်စေမှုများ ဖြစ်ပွားစေနိုင်ပါသည်။
  • မလုံလောက်သည့် လေဝင်လေထွက်စနစ် (ညစ်ညမ်းသည့်လေကို ထုတ်လွှတ်ပြီး သန့်ရှင်းလတ်ဆတ်သောလေကို ထည့်သွင်းသောစနစ်)
  • ပစ္စည်းသိုလှောင်မှုနှင့် ထုတ်ကုန်များနှင့်ကုန်ကြမ်းပစ္စည်းများကို ပြောင်းရွှေ့ခြင်း၊ အတင်အချပြုလုပ်ခြင်းကဲ့သို့ ကိုင်တွယ်အသုံးပြုမှု များတွင် လေထုတ်ပေါက်မှထုတ်လွှတ်မှုများ။ သိုလှောင်မှုသည် အမှုန်နှင့် အခြားဓာတ်ငွေ့များပါဝင်မှုအဆင့် ယာယီမြင့်မားလာခြင်း ကြောင့် ပတ်ဝန်းကျင်လေထုအရည်အသွေးကို ထိခိုက်စေပြီး လူသား များနှင့် သက်ရှိပတ်ဝန်းကျင်ကျန်မာရေးကို သက်ရောက်မှုများဖြစ်ပေါ် နိုင်သည်။
  • ထို့အပြင် အရည်အသွေးမပြည့်မီသည့် အပူပေးခြင်း၊ လေဝင်လေထွက် မကောင်းခြင်းနှင့် လေအေးပေးခြင်းစသည့် (HVAC) စနစ်သည် အအောက်အအုံတွင်းအမှုန် ညစ်ညမ်းမှုအဆင့်ကို ပိုမိုဆိုးရွားစေပြီး လုပ်သားများ စက်ရုံတွင်းအလုပ်လုပ်ကိုင်ရန် ခက်ခဲစေပါသည်။
  • စက်ရုံတွင် စစ်ထုတ်ကိရိယာများ၊ အပူဖြင့်အောက်ဆီဂျင်ဓာတ်ပြု ပစ္စည်းများ၊ ကပ်တင်စေသည့်ကိရိယာများကဲ့သို့သော ထုတ်လွှတ်မှု ထိန်းချုပ်ပစ္စည်းများတပ်ဆင်ခဲ့လျှင် ထိုပစ္စည်းများမှထုတ်လွှတ်သည့် စွန့်ပစ်ဓာတ်ငွေ့များ
  • ယိုစိမ့်မှုနှင့် ဗားများမှ ဓာတ်ငွေ့များထွက်နေမှု

စာတမ်းများတွင် ခွဲခြမ်းစိတ်ဖြာချက်အရ အစားအစာပြင်ဆင်ရန် သားငါး ကင်ခြင်း၊ ကြော်လှော်ခြင်းနှင့် ပေါင်မုန့်မီးကင်ခြင်းတို့သည် အဆောက်အအုံတွင်းလေထုထဲတွင် အမှုန်သိပ်သည်းပါဝင်မှုပမာဏကို မြင့်တက်စေပါသည်8။ ချက်ပြုတ်ရာတွင်သုံးသည့် မီးဖိုများ၊ မုန့်ဖုတ်မီးဖို များ၊ ဘွိုင်လာများ၊ မိုက်ကရိုဝေ့ဖ်မီးဖိုများနှင့် အခြားလောင်ကျွမ်းမှုဖြစ်စေ သည့်ပစ္စည်းအသုံးအဆောင်များသည် အဆောက်အအုံတွင်း လေထု ညစ်ညမ်းမှုများ ထုတ်လွှတ်သည့် အဓိကရင်းမြစ်များဖြစ်သည်။ ဥပမာအချို့မှာ –

ုန့်ဖုတ်ခြင်းနည်းစဉ် – ဒီဇယ်၊ သစ်သားလောင်စာသုံးမုန့်ဖုတ်ခြင်းများ ကြောင့် လေထုတွင်းထုတ်လွှတ်မှုများတွင် NOx၊ PM နှင့် VOCs တို့ ပါဝင် သည်ကို တွေ့ရှိရပါသည်။ ပေါင်မုန့်၊ ကိတ်မုန့်ဖုတ်သည့်ယူနစ်မှ အဓိက ထုတ်လွှတ်မှုသည် အငွေ့ပျံလွယ်သည့်အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည်။ ပေါင်မုန့်၊ ကိတ်မုန့်ဖုတ်သည့်လုပ်ငန်းစဉ်မှ ထုတ်လွှတ်သည့်အခြေခံ VOC သည် အီသနော (ethanol) ဖြစ်သည်။ ၎င်းအီသနောသည် အချဉ်ဖောက် နေစဉ်အတွင်း တဆေးဓာတ်ပြုပြောင်းလဲမှုဖြစ်စဉ် (yeast metabolism) ကြောင့် ထွက်ရှိလာခြင်းဖြစ်ပြီး ဂျုံမုန့်ညက်များ (dough) ကို မုန့်ဖုတ်မီးဖို တွင် အပူချိန်မြင့်မြင့်ဖြင့် မီးဖုတ်သောအခါတွင်လည်း ပမာဏများစွာ ထွက်နိုင်ပါသည်။

အဆာပြေမုန်ထုတ်လုပ်သည့်ယူနစ်များသည် ကြော်လှော်သည့်နည်းစဉ် ဆောင်ရွက်စဉ်အတွင်း ရေနှင့်ဆီစက်လေးများရောနှောပျံ့နှံ့နေသည့် အခိုးအငွေ့များ ထုတ်လွှတ်ပါသည်။

ဇယား ၃ – ချက်ပြုတ်နည်းလမ်းအမျိုးမျိုးမှ PM သိပ်သည်းပါဝင်ထုတ်လွှတ်မှုနှုန်း9

ချက်ပြုတ်နည်းလမ်းများ  PM2.5  ထုတ်လွှတ်မှုနှုန်း (မိုက်ခရိုဂရမ်/ကုဗမီတာ)
ကြော်လှော်ခြင်း ၁၅၄,၀၀၀
သားငါးကင်ခြင်း ၁၆၁,၀၀၀
ရေနွေးကျိုခြင်း ၁၅,၆၀၀
မိုက်ကရိုဝေ့ဖ်မီးဖို ၁၆,၃၀၀
မုန့်ဖုတ်မီးဖို ၆၁,၅၀၀
မီးကင်စက် ၁၁၄,၀၀၀

9He, C., Morawska, L., Hitchins, J. and Gilbert, D., 2004. Contribution from indoor sources to particle number and mass concentrations in residential houses. Atmospheric environment, 38(21), pp.3405-3415.

၅.၇ လေထုအရည်အသွေးစောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းများ

အဆောက်အအုံတွင်းအမှုန်များစောင့်ကြည့်စစ်ဆေးရန်

အဆောက်အအုံတွင်းအမှုန်များ စောင့်ကြည့်စစ်ဆေးရန်အတွက် သမားရိုးကျ အသုံးပြုသည့်နည်းလမ်းမှာ ဂရေဗီမက်ထရစ်နည်း (Gravimetric analyses) ဖြင့် ဓာတ်ခွဲတိုင်းတာခြင်းဖြစ်သည်။

  • ဂရေဗီမက်ထရစ်နည်းဖြင့် ဓာတ်ခွဲတိုင်းတာခြင်းသည် ဒြပ်စင်တစ်ခု (သို့မဟုတ်) သန့်စင်သည့်ပုံစံရှိသည့် ဒြပ်စင်၏သတ်မှတ်ဒြပ်ပေါင်း တစ်ခုကို သီးခြားခွဲထုတ်ပြီး အလေးချိန် ချိန်တွယ်တိုင်းတာသည့် နည်းစဉ်ဖြစ်ပါသည်။
  • ၎င်းတွင် နမူနာစုပ်ယူသည့်စက်များ အသုံးပြုခြင်း၊ စစ်ထုတ်ပစ္စည်းများ ကိုပြုပြင်၊ ပြင်ဆင်ခြင်းနှင့် အလေးချိန် ချိန်တွယ်ခြင်းများ၊ နမူနာရယူ သည့်အခြေအနေကို မှတ်တမ်းထားရှိခြင်းနှင့် အမှားဖြစ်စေနိုင်သည့် အကြောင်းရင်းများကိုထည့်တွက်ခြင်းများ ပါဝင်သည်။
  • PM တိုင်းတာရန်အတွက် လေနမူနာဆွဲထုတ်ယူသည့်အခါ အရွယ်အစားရွေးချယ်ထည့်သွင်းနိုင်သည့် ထုထည်များသော နမူနာ ထုတ်ယူသည့်စက်များကို အသုံးပြုပါသည်။
  • ကြိုတင်ချိန်တွယ်ထားသည့် စစ်ထုတ်ပစ္စည်းအလေးချိန်ထဲမှ ဓာတ်ခွဲ နည်းစဉ်လုပ်ဆောင်ပြီးနောက် ချိန်တွယ်ထားသည့် စစ်ထုတ်ပစ္စည်း အလေးချိန်ကို နှုတ်ပေးခြင်းဖြင့် အမှုန်ပါဝင်မှု အလေးချိန်ပမာဏကို တိုင်းတာပါသည်။
  • ၎င်းကို တက်ဖလွန်-အမြှေးပါး စစ်ထုတ်ပစ္စည်း (Teflon-membrane filter)အသုံးပြု၍ အများဆုံးပြုလုပ်ပါသည်။ ထိုပစ္စည်းသည် အခြား စစ်ထုတ်ပစ္စည်းများနှင့်နှိုင်းယှဉ်လျှင် အတည်ငြိမ်ဆုံးနှင့် ကြာရှည် အသုံးခံဆုံးဖြစ်သည်။
  • ဂရေဗီမက်ထရစ်နည်းဖြင့် ဓာတ်ခွဲတိုင်းတာခြင်းကို စုဆောင်းခြင်း၊ တိုင်းတာခြင်း တို့အတွက် အမျိုးမျိုးသောလေ့လာမှုများတွင် ကျယ်ပြန့်စွာအသုံးပြုသည့်အပြင် အဆောက်အအုံတွင်း PM10 ပါဝင်မှုကို ဓာတ်ခွဲစစ်ဆေးရန်အတွက်လည်း အသုံးပြုပါသည်။

ပုံ ၇ – ဂရေဗီမက်ထရစ်နည်းဖြင့် ဓာတ်ခွဲတိုင်းတာခြင်းနည်းလမ်းဖြင့် အဆောက်အအုံတွင်းအမှုန်များကို နမူနာကောက်ယူစမ်းသပ်တိုင်းတာပုံအဆင့်ဆင့်

အစားအစာထုတ်လုပ်ရေးလုပ်ဆောင်မှုများမှ ထုတ်လွှတ်မှုများသည် အဓိကအားဖြင့် အမှုန်နှင့် အနံ့ပါဝင်မှုတို့နှင့် ဆက်စပ်ပါသည်။ အမှုန် PM10 ထုတ်လွှတ်မှုများသည် ထုံးစံအားဖြင့် (၅၀) မီလီဂရမ်/ကုဗမီတာ ထက်မကျော်လွန်သင့်ပါ။

10Varshney, P., Saini, R. and Taneja, A., 2016. Trace element concentration in fine particulate matter (PM2.5) and their bioavailability in different microenvironments in Agra, India: a case study. Environmental geochemistry and health, 38(2), pp.593-605.

VOCs စောင့်ကြည့်စစ်ဆေးရန်

VOCs ကို အစားအစာထုတ်လုပ်ရေးအဆင့်များဖြစ်သည့် အချဉ်ဖောက်ခြင်း နည်းစဉ်၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေး၊ ပိုးသတ်ခြင်းနှင့် အခြားအဆင့်များ မှ ထုတ်လွှတ်ပါသည်။ အစားအစာနှင့်အဖျော်ယမကာထုတ်လုပ်ရေးတွင် VOC နှင့် ဆက်နွှယ်သည့်ပြဿနာများမှာ –

  • အဆိပ်အတောက်ဖြစ်ခြင်း
  • အနံ့နှင့်
  • နေရောင်ခြည်အောက်တွင်ဓာတုဓာတ်ပြုခြင်းနည်းစဉ်ကြောင့်ထွက်ရှိလာသည့် နေရောင်ခြည်သုံးဓာတ်ပြုဒြပ်ပေါင်းများ

VOC သိပ်သည်းပါဝင်မှုပမာဏကို လျင်မြန်စွာစူးစမ်းနိုင်သည့် အများဆုံး အသုံးပြုသောနည်းလမ်းမှာ အိုင်းယွန်းအသွင်သို့ကူးပြောင်းခြင်းကို စူးစမ်းခြင်း (photoionization detection (PID)) ဖြစ်ပါသည်။ ထိုနည်းလမ်းကိုအသုံးပြုပြီး VOCs တိုင်းတာရန် ကောင်းစွာစံချိန်ညှိထား သော လေထုအရည်အသွေးစူးစမ်းကိရိယာများနှင့် အာရုံခံကိရိယာများ ကဲ့သို့သော တိုက်ရိုက်အဖြေဖတ်နိုင်သည့် ကိရိယာများကိုလည်း အသုံးပြု နိုင်ပါသည်။

ကာဗွန်မိုနော့ဆိုက်စောင့်ကြည့်စစ်ဆေးရန်

  • လောင်ကျွမ်းမှုများပုံမှန်လုပ်ဆောင်နေကျနေရာများအတွင်း စစ်ဆေး ရန် မဖြစ်မနေလိုအပ်ပါသည်။
  • ထိုလောင်ကျွမ်းကိရိယာများအသုံးပြုနေစဉ်အတွင်း အနီးရှိနေရာ တစ်ခုချင်းစီတိုင်းတွင် တိုင်းတာမှုများပြုလုပ်သင့်သည်။
  • လောင်ကျွမ်းမှုလုပ်ဆောင်ချက် အမြဲလုပ်ဆောင်နေမှသာလျှင် အဆောက်အအုံအထပ်တစ်ခုတွင် စဉ်ဆက်မပြတ်စောင့်ကြည့်နေရာ အနည်းဆုံးတစ်ခုထားရှိသင့်သည်။
  • အဆောက်အအုံပြင်ပလေဝင်ပေါက်များ (ပြတင်းပေါက်နှင့် လေဝင် ထွက်ပေါက်များ)မှ အဆောက်အအုံသို့ လေဝင်ရောက်မှုကို တိုင်းတာမှု ပြုလုပ်နိုင်သကဲ့သို့ ထိုနေရာများသည် ယာဉ်လမ်းကြောနှင့် အလွန် နီးကပ်စွာ တည်ရှိမှု ရှိ/မရှိကိုလည်း စစ်ဆေးရမည်။
  • လေနမူနာကို ကပ်တင်နိုင်သည့်ပြွန်အသုံးပြုပြီး ရယူနိုင်သည်။ ထိုပြွန် ကို နောက်ပိုင်းတွင် ဓာတုနည်းစိစစ်မှုများ ဆက်လက်လုပ်ဆောင်နိုင် သည်။ တရားဝင်ထောက်ခံချက်ရရှိထားသောပြွန်နှင့် ကောင်းစွာစံချိန် ညှိထားသော တိုက်ရိုက်အဖြေဖတ်နိုင်သည့်ကိရိယာများ အသုံးပြုခြင်း ဖြင့် တိကျသောရလဒ်များရရှိနိုင်ပါသည်။

လေထုထဲသို့တိုက်ရိုက်ထုတ်ပစ်နေသည့်ထုတ်လွှတ်မှုများအတွက် မီးခိုး ခေါင်းတိုင်မှထုတ်လွှတ်မှုကို စောင့်ကြည့်စစ်ဆေးခြင်း

မီးခိုးခေါင်းတိုင်ကိုစောင့်ကြည့်စစ်ဆေးခြင်းသည် လေထုထဲသို့ ထုတ်ပစ်နေ သည့် စက်မှုလုပ်ငန်းဆိုင်ရာစွန့်ပစ်ဓာတ်ငွေ့လမ်းကြောင်းမှ ထုတ်လွှတ်မှု များ၏လက္ခဏာရပ်များကို တန်ဖိုးဖြတ်တွက်ချက်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် စွန့်ထုတ်နေရာညွှန်ပြနိုင်သည့်ထုတ်လွှတ်မှုတစ်ခု ဖြစ်ပါသည်။ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများတွင် စွန့်ထုတ် ဓာတ်ငွေ့ခေါင်းတိုင်များ၊ စွန့်ပစ်ပစ္စည်းကိုင်တွယ်မှုများ၊ မီးခိုးခေါင်းတိုင် များနှင့် ဆက်စပ်လုပ်ဆောင်မှုများမှ ထုတ်လွှတ်သည့် ညစ်ညမ်းစေသည့် အရာကို စောင့်ကြည့်စစ်ဆေးလေ့ရှိသည်။ မီးခိုးခေါင်းတိုင် စောင့်ကြည့် စစ်ဆေးမှုကို မီးခိုးပြွန်ပေါက်နေရာတွင် တပ်ဆင်ထားသည့် ဓာတ်ငွေ့ ဓာတ်ခွဲတိုင်းတာစက် (Gas Analysers)၏ အကူအညီဖြင့် ပြုလုပ်ပါသည်။

မှတ်ချက် – စက်ရုံတွင်လေထုအရည်အသွေးစောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်ရန်အတွက် အသိအမှတ်ပြုထားသော ကျွမ်းကျင်သည့် လေထု အရည်အသွေးတိုင်းတာသူ လိုအပ်ပါသည်။

၅.၈ သက်ဆိုင်ရာဥပဒေဆိုင်ရာ လိုအပ်ချက်များကိုလေးစားလိုက်နာမှု စစ်ဆေးခြင်း

အဆောက်အအုံတွင်းလေထုအရည်အသွေးစံသတ်မှတ်ချက်များ

ဇယား ၄ – CO နှင့် CO2 စောင့်ကြည့်စစ်ဆေးမှုစံသတ်မှတ်ချက်များ

ညစ်ညမ်းစေသည့် ပစ္စည်းအမျိုးအစား လုပ်ငန်းခွင်ဘေးကင်းလုံခြံရေးနှင့် ကျန်းမာရေးစံသတ်မှတ်ချက် (OSHA) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံသတ်မှတ်ချက်
CO ၅၅ မီလီဂရမ်/ကုဗမီတာ           (ပျမ်းမျှ ၈ နာရီ) ၇ မီလီဂရမ်/ကုဗမီတာ   (ပျမ်းမျှ ၂၄ နာရီ)
CO2 ၉၀၀၀ မီလီဂရမ်/ကုဗမီတာ        (ပျမ်းမျှ ၈ နာရီ)

Source: Occupational Safety and Health Administration. United States Department of Labour
https://www.osha.gov/chemicaldata/183

ဇယား ၅ – အဆောက်အအုံတွင်း VOCs နှင့် PM စောင့်ကြည့်စစ်ဆေးမှု

ညစ်ညမ်းစေသည့်ပစ္စည်းအမျိုးအစား WHO စံသတ်မှတ်ချက်
VOCs
ဖော်မယ်ဒီဟိုက် (Formaldehyde) ၀.၁ မီလီဂရမ်/ကုဗမီတာ (၃၀ မိနစ်)
နက်ဖ်သလင်း (Naphthalene) ၀.၁ မီလီဂရမ်/ကုဗမီတာ (၃၀ မိနစ်)
PM
PM2.5 ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာ (ပျမ်းမျှ ၂၄ နာရီ)
PM10 ၅၀ မိုက်ခရိုဂရမ်/ကုဗမီတာ (ပျမ်းမျှ ၂၄ နာရီ)

Source: WHO Air quality guidelines for particulate matter, ozone, nitrogen dioxide and sulphur dioxide.2005.

 အစားအစာထုတ်လုပ်ရေးလုပ်ငန်းစဉ်များမှ ထုတ်လွှတ်မှုများသည် အဓိကအားဖြင့် အမှုန်နှင့် အနံ့ပါဝင်မှုတို့နှင့် ဆက်စပ်ပါသည်။ အမှုန် PM10 ထုတ်လွှတ်မှုများသည် ထုံးစံအားဖြင့် ၅၀ မီလီဂရမ်/ကုဗမီတာ ထက် မကျော်လွန်သင့်ပါ။

မီးခိုးခေါင်းတိုင်မှထုတ်လွှတ်ခြင်းစောင့်ကြည့်စစ်ဆေးမှုစံသတ်မှတ်ချက်များ

ဇယား ၆ – ဘွိုင်လာများနှင့် ဒီဇယ်မီးစက်များအတွက် အိန္ဒိယရှိ ဗဟိုညစ်ညမ်းမှု ထိန်းချုပ်ရေးဘုတ်အဖွဲ့ (CPCB) မှချမှတ်ထားသည့် မီးခိုးခေါင်းတိုင် ထုတ်လွှတ်မှု စံသတ်မှတ်ချက်များ

ဘွိုင်လာများနှင့် ဒီဇယ်မီးစက်များအတွက် မီးခိုး ခေါင်းတိုင်စောင့်ကြည့်စစ်ဆေးသည့် ပါရာမီတာများ မီးခိုးခေါင်းတိုင်စောင့်ကြည့်စစ်ဆေးမှု အတွက် ကန့်သတ်ချက်များ (မီလီဂရမ်/သာမန်ကုဗမီတာ)
အမှုန်များ (PM) ၁၅၀
ဆာလဖာဒိုင်အောက်ဆိုက် (SO2) ၄၀
နိုက်ထရိုဂျင်အောက်ဆိုက်များ (NOx) ၂၅

Source: Stack Emission Monitoring & Stack Emission Testing

၅.၉ လေထုညစ်ညမ်းမှုကိုထိန်းချုပ်ရန်အတွက် ညစ်ညမ်းမှုလျှော့ပါး သက်သာစေသည့် စီမံချက်များ

သင်၏လုပ်ငန်းတွင် အဆောက်အအုံတွင်းလေထုညစ်ညမ်းမှုကို လျှော့ချ နိုင်သည့် ရိုးရှင်းသောစီမံချက်များ

  • စနစ်တကျမထုတ်လုပ်ထားသည့် မီးသွေးနှင့် ရေနံဆီကို လောင်စာ အဖြစ် အသုံးမပြုပါနှင့်။
  • လေဝင်လေထွက်ကောင်းသည့် မီးဖိုချောင်နေရာများစီစဉ်ပါ။
  • ဆေးလိပ်သောက်သုံးမှုရပ်တန့်ပါ။
  • လုပ်ငန်းအတွင်း မီးရှို့ရသည့်အမွှေးနံ့သာများ လျှော့ချပါ။

စီမံခန့်ခွဲသူများနှင့် ဒါရိုက်တာဘုတ်အဖွဲ့မှဆောင်ရွက်ရမည့် ညစ်ညမ်းမှု လျော့ပါးသက်သာစေသည့်စီမံချက်များ

  • သင်၏အလုပ်သမားများကို ကျန်းမာသောအလုပ်ပတ်ဝန်းကျင်တွင် လုပ်ကိုင်နိုင်ရန် ထောက်ပံ့ပါ။
  • စက်ရုံ၏ အပူပေးခြင်း လေအဝင်အထွက်နှင့် လေအေးပေးခြင်း (HVAC) စနစ်ကို ပုံမှန်ပြုပြင်ထိန်းသိမ်းရန် သေချာပါစေ။
  • ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပုံမှန်စစ်ဆေး ကြည့်ရှုပါ။
  • ကုန်ကြမ်းပစ္စည်းသယ်ယူပို့ဆောင်ခြင်းမှ လေသယ်ဆောင်နိုင်သည့် အမှုန်များလွင့်မျောမှုကို ထိန်းချုပ်ရန်အတွက် စက်ရုံပြင်ပတွင် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် ရေဖျန်းခြင်းပြုလုပ်ပါ။
  • ယာဉ်မီးခိုးထုတ်အပေါက်များနှင့် မခင်းထားသောလမ်းများမှ မီးခိုး/ အမှုန်ထုတ်လွှတ်မှုကို လျှော့ချရန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အပါအဝင် သယ်ပို့ယာဉ်များကို သင့်လျော်စွာထိန်းသိမ်း ပြုပြင်သင့် ပါသည်။
  • စက်ရုံအတွင်း ဘေးပတ်ဝန်းကျင်တွင် အောက်ဆီဂျင်အဆင့်တိုးမြင့်ရန် အတွက် အုန်းထန်းပင် (Areca Palm)၊ ငွေလာပင် (Money plant) ကဲ့သို့သော အိမ်တွင်းစိုက်အပင်များ စိုက်ပျိုးပါ။

လေထုညစ်ညမ်းမှုအကျိုးဆက်လျော့နည်းစေရန် ဝန်ထမ်းများလုပ်ဆောင် ရမည့် စီမံချက်များ

  • အထူးသဖြင့် ချက်ပြုတ်မှုများလုပ်ကိုင်နေသည့်အခါ ကောင်းစွာ အံကိုက်ဖြစ်သည့် မျက်နှာအကာများ ဝတ်ဆင်ပါ။
  • အချိန်တိုင်း ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။
  • အန္တရာယ်ရှိသော ညစ်ညမ်းစေသည့်အရာများကို ရှင်းထုတ်ရန် အစာစားပြီးတိုင်း ထန်းလျက်ခဲစားပါ။ ၎င်းသည် အဆုတ်အတွက် သဘာဝသန့်စင်ပစ္စည်းဖြစ်သောကြောင့် ဖြစ်ပါသည်။
  • တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကို လက်တွေ့ကျင့်သုံးပါ။ နှာချေ၊ ချောင်းဆိုးလျှင် သင်ကိုယ်တိုင်နှင့် အခြားသူတစ်ဦးဦး၏ အကွာအဝေးသည် အနည်းဆုံး တစ်မီတာအကွာတွင် ထိန်းထားပါ။
  • အမြဲတမ်းအရေးကြီးအရာ – လေထုညစ်ညမ်းမှုမြင့်တက်လာပြီး ဆိုးကျိုးတစ်ခုခု ခံစားရပါက ကျန်းမာရေးပညာရှင်များနှင့်ဆွေးနွေးပါ။ (သို့မဟုတ်) ကျန်းမာရေးဌာနသို့ သွားပါ။

စက်ပစ္စည်းအသုံးပြုပြီး အဆောက်အအုံတွင်းလေထုညစ်ညမ်းမှုကို ဖယ်ရှား တိုက်ထုတ်နိုင်မည့်အစီအမံများ

အိပ်ဇောပန်ကာများ (Exhaust Fans)

  • ချက်ပြုတ်နေစဉ် ပြင်ပသို့အခိုးအငွေ့ထုတ်နိုင်သည့် အိပ်ဇောပန်ကာ များ တပ်ဆင်၍အသုံးပြုပါ။
  • ဘွိုင်လာနှင့်ချိတ်ဆက်တပ်ဆင်ထားသော စက်ပစ္စည်းများအားလုံး တွင် ထိန်းချုပ်မှုသေချာစေရန် လေထုညစ်ညမ်းမှုထိန်းချုပ်ကိရိယာ များ (ဆိုင်ကလုံးမျိုးစုံ (multi cyclone)၊ စစ်ထုတ်အိတ်များ (bag filters)၊ စိုစွတ်နည်းဖြင့် ဓာတ်ငွေ့သန့်စင်ကိရိယာများ (wet scrubbers) ကဲ့သို့သော)ကို ဘွိုင်လာတွင် တပ်ဆင်ပါ။
  • လုပ်ငန်းဧရိယာတွင် ထောက်ပံ့ပေးရမည့် အိပ်ဇောပန်ကာနှင့် လေဝင် လေထွက်စနစ်များ လုံလောက်မှုရှိစေရန်အတွက် ဖြည့်တင်းထောက်ပံ့ ပါ။
  • နွားချေးခြောက်ဖတ်၊ စပါးခွံ၊ သစ်သားကဲ့သို့ အော်ဂဲနစ်လောင်စာများ ကို ပြင်ပလေထုထဲတွင်မီးရှို့ခြင်း (အမျိုးမျိုးသောကဏ္ဍများတွင် မြေမီးဖိုဖြင့်သုံးခြင်း) ကိုရှောင်ကြဉ်သင့်ပါသည်။ ဖိသိပ်ထည့်ထားသည့် သဘာဝဓာတ်ငွေ့ (သို့မဟုတ်) လျှပ်စစ်ဓာတ်အားကဲ့သို့ သန့်စင်သော လောင်စာအသုံးပြုရသည့် မီးဖို/မီးရှို့ဖို (burner)ကို စတင်အသုံးပြု သင့်သည်။

အစားအစာစက်ရုံများရှိ လေထုအရည်အသွေးတိုးတက်စေသည့် လေစစ် ကိရိယာများ

  • လေအေးပေးစနစ်နှင့် လေဝင်လေထွက်စနစ်တို့တွင် ပျံ့နှံ့အမှုန်များ မပါဝင်အောင်ထိန်းထားနိုင်မည့် လေစစ်ကိရိယာများတပ်ဆင်ခြင်း နည်းလမ်းသုံးသင့်သည်။
  • လေသန့်စင်မှု ပကတိအတိုင်းကောင်းမွန်ပြီး အမှုန်နှင့်ဓာတ်ငွေ့မှုန်များ ကို ခွဲထုတ်နိုင်သည့် လေစစ်ကိရိယာများသုံးပါ။
  • သန့်စင်မှုအမြင့်ဆုံးဖြစ်မည့် တရားဝင်ထောက်ခံချက်ရှိသော လေစစ် ကိရိယာများကို အမြဲအသုံးပြုရန် အကြံပြုပါသည်။

စိုထိုင်းခြင်းနှင့် ငွေ့ရည်ဖွဲ့ခြင်းကို စီမံကိုင်တွယ်ရန်အတွက် စက်ရုံသုံး ပန်ကာများ

အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများတွင် ပတ်ဝန်းကျင်ကို စိုထိုင်းမှု မြင့်တက်စေနိုင်သည့် ထုတ်ကုန်များတည်ရှိခြင်းအပြင် စဉ်ဆက်မပြတ် ဆေးကြောခြင်းနည်းစဉ်များသည် စိုထိုင်းမှုထိန်းချုပ်ခြင်းကိုခက်ခဲစေသည့် လုပ်ငန်းတာဝန်များဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ငွေ့ရည်ဖွဲ့ခြင်း သည် မြေပြင်တွင်စုပုံလာပြီး လုပ်ငန်းဆောင်ရွက်နေသူများကြား ချော်လဲ ခြင်းနှင့် မတော်တဆမှုများဖြစ်ပွားနိုင်သည့် ဘေးကင်း လုံခြုံရေးပြဿနာ များကို ဦးတည်စေနိုင်သည်။ ထို့ကြောင့် ထုထည်ပမာဏများပြီး အရှိန်နှေး (High Volume Low Speed, HVLS)သည့် စက်ရုံသုံးပန်ကာများ အသုံးပြု ရန်ထောက်ခံပါသည်။ ထိုပန်ကာများသည် အလုပ်ပတ်ဝန်းကျင်တွင် လေပမာဏများများကို လည်ပတ်နေစေပြီး ငွေ့ရည်ဖွဲ့စည်းဖြစ်ပေါ်မည့် အပူချိန်တွင် အငွေ့ပျံခြင်းကို တိုးမြှင့်ပေးသည့်အတွက် ထိုပြဿနာများ ဖြစ်ပေါ်နေသည့် အစားအစာစက်ရုံများတွင် လေထုအရည်အသွေး တိုးတက်လာစေရန် ထောက်ပံ့ပေးနိုင်ပါသည်။

ဇယား ၇ – အစားအစာနှင့် အဖျော်ယမကာစက်ရုံများတွင် အကောင်အထည်ဖော်နိုင် ရန်အတွက် လေထုအရည်အသွေးစီမံမှုကို ပြသထားသည့်ဇယားကွန်ရက်

ထုတ်လွှတ်သည့်ရင်းမြစ် ထုတ်လွှတ်မှု လျော့ပါးသက်သာစေမည့်အစီအမံ
ကုန်ကြမ်းပစ္စည်းနှင့် အစား အစာထုတ်ကုန်များ သိုလှောင်ခြင်းနှင့် ကိုင်တွယ်သုံးစွဲခြင်း ·         PM2.5 နှင့် PM10

·         ထုတ်ကုန်သိုလှောင် ခြင်းနှင့်ထုတ်ပိုးနေစဉ် အတွင်း စိတ်အခြေ အနေ၊  စိုးရိမ်သောက နှင့် ကြောင့်ကြစိတ်များ သက်ရောက်ဖြစ်ပေါ် စေနိုင်သည့် အနံ့  ထုတ်လွှတ်နိုင်ပါသည်။

·         ကောင်းမွန်သော လေဝင်လေထွက်စနစ်

·         ပစ္စည်းများကို သင့်လျော်စွာ ကိုင်တွယ်အသုံးပြုရန် လုပ်သားများကို သင်တန်း ပေးပါ။

·         အထူးသဖြင့် ပြင်ပတွင်ထားရှိ သည့် အမှိုက်ပုံးများ၊ ထည့်စရာ အိုး/ကန်များ၊ စုပုံထားသော ကုန်ပစ္စည်းများကို ဖုံးအုပ်ပါ။

·         အမှုန့်များနှင့် သေးငယ်သော ပစ္စည်းများကို အများအပြား သိုလှောင်ရန် အသုံးပြုသည့် သိုလှောင်ရုံများနှင့် ကုန်သေတ္တာများကို  ပိတ်ကာထားပါ။

·         ကောင်းမွန်သည့်အိမ်မှုကိစ္စ ထိန်းသိမ်းမှု

·         အမှုန်စုစည်းသိမ်းဆည်းမှုစနစ်များ

အပူပေးခြင်း၊ လှော်ခြင်း၊ ကင်ခြင်း၊ မီးဖုတ်ခြင်း၊ စည်သွတ်ခြင်း၊ အချဉ် ဖောက်ခြင်းနှင့် ရေသွင်း ဓာတ်ပြုခြင်းကဲ့သို့ အစားအစာပြင်ဆင်ခြင်း နည်းလမ်းများ ·         PAHs, VOCs (အထူးသဖြင့် တဆေး အသုံးပြု၍ အချဉ် ဖောက်စဉ်)၊ အနံ့၊ လောင်ကျွမ်းမှု လုပ်ဆောင်ချက်များကြောင့် ထွက်သည့် အမှုန်များ ·         စွမ်းရည်မြင့် HVAC စနစ်

·         မျက်နှာကြက်နှင့် အိပ်ဇော ပန်ကာအသုံးပြုခြင်း

·         လေစစ်ထုတ်ကိရိယာများ အသုံးပြုခြင်း

·         နွားချေးခြောက်ဖတ်၊ စပါးခွံ၊ သစ်သားကဲ့သို့ အော်ဂဲနစ် လောင်စာကို ပြင်ပလေထုထဲ တွင် မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။ ဖိသိပ်ထည့်ထားသည့် သဘာ၀ ဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား ကဲ့သို့ သန့်စင်သောလောင်စာ အသုံးပြုရသည့် မီးဖိုများကို စတင်သုံးစွဲသင့်သည်။

·         လုပ်သားများအတွက် PPE (ဥပမာ- မျက်နှာအကာများ၊ ပါးစပ်နှင့်နှာခေါင်းအကာ၊ ဓာတ်ငွေ့အကာအရံများ) ကို အသုံးပြုခြင်း

အစားအစာထုတ်ကုန်များကို သယ်ယူပို့ဆောင်စဉ် ·         PM, SO2, NOx ·         ညစ်ညမ်းမှုထိန်းချုပ် အသိအမှတ်ပြု လက်မှတ် (Pollution Under Control Certificate) ပါရှိသည့် ယာဉ်များ

·         သယ်ယူပို့ဆောင်သည့်လမ်းများ တွင် အမှုန်များထိန်းချုပ်ခြင်း

·         တစ်နေ့လျှင်တစ်ကြိမ် ရေဖျန်းခြင်း

·         ကုန်တင်ယာဉ်ကြီးများတွင်  ကုန်ပိုတင်ဆောင်ခြင်း ရှောင်ပါ။

·         လေထုညစ်ညမ်းမှုလျှော့ချနိုင် ပြီး မြေပြင်ကိုကာကွယ်၍ လေထုကိုအေးမြစေသည့် သင့်လျော်သောအပင်များစိုက်ပျိုး ဖွံ့ဖြိုးစေခြင်း (Green belt development)

မီးစက် ခေါင်းတိုင်ထုတ်လွှတ်မှု ·         PM, SO2, NOX, CO ·         ဒီဇယ်မီးစက်အတွက် ညစ်ညမ်းမှုထိန်းချုပ် အသိအမှတ်ပြု လက်မှတ် (Pollution Under Control Certificate (PUC)) ရှိသင့်ပါသည်။

·         အိပ်ဇောပိုက်/ခေါင်းတိုင်သည် ပြင်ပပတ်ဝန်းကျင်ကို ဖွင့်ထုတ် ထားသင့်ပြီး လုံလောက်သည့် ခေါင်းတိုင်အမြင့်ကို ထိန်းထား သင့်သည်။ သို့မှသာ ၎င်းမှ ထုတ်လွှတ်မှုများသည် အနီး ဘေးပတ်ဝန်းကျင်ကို အနှောင့် အယှက်မဖြစ်စေရန် ဖြစ်သည်။

ရေခဲရိုက်ခြင်း ·         ယိုစိမ့်လွတ်ထွက်လာ သည့် ထုတ်လွှတ်မှုများ ·         ယိုစိမ့်လွတ်ထွက်လာသည့် အနံ့ ထုတ်လွှတ်မှုကို တားဆီးရန် တစ်စိတ်တစ်ပိုင်းသာဖြစ်သော လေဟာနယ် (partial vacuum) အောက်တွင် လုပ်ငန်းလည်ပတ်ပါ။

·         အေးခဲပစ္စည်းများဆုံးရှုံးမှုကို စောင့်ကြည့်စစ်ဆေးရန် အအေးခံခြင်းနှင့် အေးခဲစေ သည့် စက်ပစ္စည်းများကို ပုံမှန် စစ်ဆေးပါ။

မုန့်ဖုတ်မီးဖို၊ ဘွိုင်လာ များနှင့် မီးခိုးခေါင်းတိုင်များ မှ မီးခိုးထုတ်လွှတ်သည့် အပေါက် ·         ယိုစိမ့်လွတ်ထွက်လာ သည့် ထုတ်လွှတ်မှုများ

·         CO, CO2, NO2, SO2, PAHs

·         သင်တန်းတက်ထားသည့် ကျွမ်းကျင်သူမှ စစ်ဆေးပါ။ ဗဟို အပူပေးစနစ် (မီးပြင်းဖို (furnace)၊ မီးခိုးပိုက် (flues) နှင့် မီးခိုးခေါင်းတိုင် (chimneys))ကို နှစ်စဉ်သန့်ရှင်း ၍ အကောင်းဆုံးအခြေအနေ ဖြစ်အောင်ပြုလုပ်ပါ။ ယိုစိမ့်မှုများကို သင့်လျော်စွာ ပြင်ဆင်ပါ။
ဘက်တီးရီးယားပိုးမွှားများ ဖြင့်ညစ်ညမ်းစေမှု ·         အမှုန်၊ ကပ်ပါးကောင် များ၊ ဘက်တီးရီးယား၊ တဆေးပိုးများ၊ မှိုများ နှင့် ဗိုင်းရပ်စ်များ ·         ကောင်းမွန်သော တစ်ကိုယ်ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိလ္လာစနစ်

·         အပူချိန်ကို ထိန်းညှိပါ။ စိုထိုင်းမှု ကို ထိန်းထားပါ။

·         ဓာတုပိုးသတ်ဆေးများ

·         ခရမ်းလွန်ရောင်ခြည်ဖြတ်သန်းစေခြင်းနည်းလမ်း

·         ခြင်ဆေးဖျန်းခြင်း

 

၅.၁၀ လေထုအရည်အသွေး (အဆောက်အအုံတွင်းနှင့် ပြင်ပ) တိုးတက် ကောင်းမွန်စေရန် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း

စောင့်ကြည့်စစ်ဆေးခြင်းသည် အချိန်ကာလတစ်ခုလုံးတွင် ပတ်ဝန်းကျင်ကို ထိရောက်စွာကာကွယ်ပေးရန်အတွက် လျော့ပါးသက်သာရေးစီမံချက်ကို သေချာမှုရှိစေသည့် အခြေခံလိုအပ်ချက်ဖြစ်လာသည်။ ၎င်းသည်ယူဆချက် များကို  ခိုင်လုံကြောင်းသက်သေပြနိုင်ပြီး လက်ရှိလုပ်ဆောင်မှုကိုအကဲဖြတ် နိုင်သည်။ စောင့်ကြည့်စစ်ဆေးမည့်အကြိမ်အရေအတွက်သည် အပိုင်း (၅.၈) တွင် ဆွေးနွေးခဲ့သည့် ညစ်ညမ်းစေသည့်အရာများအားလုံးအတွက် တစ်နှစ်အတွင်း သုံးလတစ်ကြိမ်လုပ်ဆောင်သင့်သည်။

 

၅.၁၁ ဖြစ်ရပ်လေ့လာခြင်းများ

ဖြစ်ရပ်လေ့လာမှု-()

မတိုင်မီ – အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းတစ်ခုတွင် ဘေးပတ်ဝန်း ကျင်နေထိုင်သူများမှ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် ငိုက်မျဉ်းခြင်းများ ဖြစ်ပေါ်ကြောင်း တိုင်ကြားခဲ့သည်။ စစ်ဆေးကြည့်ရာတွင် မီးခိုးခေါင်းတိုင်မှ မီးခိုးပိုက်လုံးသည် ကျပ်ခိုးအမှုန်များဖြင့် ပိတ်ဆို့နေသည်ကို တွေ့ရှိရသည်။

ပြုပြင်ပြီးနောက် – မီးခိုးခေါင်းတိုင်ကို ချက်ချင်းရှင်းလင်းပြီး ပုံမှန်စစ်ဆေး ၍ ပြုပြင်ထိန်းသိမ်းမည့်သူကို တာဝန်ချထားလိုက်ပါသည်။ OSHA သတ်မှတ်အဆင့်တန်ဖိုးကို ကျော်လွန်ခဲ့လျှင် အချက်ပေးနိုင်ရန်အတွက် CO2 ပါဝင်မှုကိုတိုင်းတာရန် CO2 တိုင်းတာစက်တစ်ခုကို တပ်ဆင်ပါသည်။ လေထုညစ်ညမ်းမှုကြောင့် လုပ်သားများ၏ကျန်းမာရေးသက်ရောက်မှုကို လျှော့ချနိုင်ရန်လုပ်ဆောင်နိုင်သည့် ချက်ချင်းလိုအပ်သောအဆင့်များမှာ –

  • လူများပြွတ်သိပ်ပြည့်ကျပ်မှုကို ရှောင်ရှားရန် လုပ်သားများကို အချိန်ခွဲ လုပ်ကိုင်ခြင်းစနစ် ပြောင်းပါ။
  • CO2 နှင့် လေထုညစ်ညမ်းစေသည့်အရာများနှင့် ထိတွေ့မှုကို လျှော့ချ ရန် လိုအပ်သည့်အချိန်တွင် တစ်ကိုယ်ရေကျန်းမာရေးကာကွယ်ပစ္စည်း (PPE) အသုံးပြုရန် အကြံပေးပါ။
  • စက်ရုံတွင် အိပ်ဇောပန်ကာများနှင့် လေဝင်လေထွက်စနစ်များ လုံလောက်စွာ ထောက်ပံ့ပါ။

အဓိကအကျိုးသက်ရောက်မှုများ –

  • ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးမြင့်စေသည်။
  • လေဝင်လေထွက်စနစ်ကို တိုးတက်ကောင်းမွန်စေသည်။
  • ကျန်းမာရေးကိစ္စရပ်များကြောင့် လုပ်ငန်းခွင်ပျက်ကွက်မှုကို လျှော့ချနိုင်သည်။

ဖြစ်ရပ်လေ့လာမှု-()

ပဟာပါ စီးပွားရေးစင်တာ (Paharpur Business Centre (PBC)) လေ့လာချက်

အိန္ဒိယနိုင်ငံ၊ ပဟာပါစီးပွားရေးစင်တာ (PBC) သည် ဒေလီဒေသတွင် ကျန်းမာရေးနှင့်အသင့်လျော်ဆုံး ရုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ် ကြောင်း ဗဟိုညစ်ညမ်းမှုထိန်းချုပ်ဘုတ်အဖွဲ့ (CPCB)  နှင့် အမျိုးသား ကင်ဆာအဖွဲ့အစည်း (Chittaranjan National Cancer Institute) တို့မှ စံသတ်မှတ်ထားပါသည်။ PBC သည် လေထုသန့်စင်သည့်အပင်ပေါင်း ၁၂၀၀ ကျော်၏ အကူအညီဖြင့် ကိုယ်ပိုင်သန့်ရှင်းလတ်ဆတ်သော လေရရှိ အောင် စီမံထားသောကြောင့်ဖြစ်ပါသည်11။ ထိုအပင်များသည် အဆောက်အအုံတွင်း လေထုကို အဆိပ်အတောက်ဖယ်ရှားနိုင်ရုံသာမက အောက်ဆီဂျင်ကိုလည်း တိုးပွားလာစေပါသည်။

လေထုသန့်စင်ရေးအတွက် အသုံးပြုနိုင်သည့်အိမ်တွင်းစိုက်အပင်အချို့မှာ12

အုန်းထန်းပင် (Areca Palm) (Chrysalidocarpus lutescens): ဓာတု အဆိပ်အတောက်များကို ဖယ်ရှားနိုင်ပြီး နေ့အချိန်တွင် အောက်ဆီဂျင် ထုတ်ပေးသည်။

မြွေပန်းပင် (Snake Plant) (Sansevieria trifasciata): ဓာတုအဆိပ် အတောက်များကို ဖယ်ရှားနိုင်ပြီး ညအချိန်တွင် အောက်ဆီဂျင်ထုတ်ပေး သည်။

ငွေလာပင် (Money Plant) (Epipremnum aureum): ဓာတုအဆိပ် အတောက်များကို ဖယ်ရှားနိုင်ပြီး နေ့အချိန်တွင် အောက်ဆီဂျင်ထုတ်ပေး သည်။

ပုံ ၈ – အိမ်တွင်းစိုက်အပင်များ

Source: Open Source

 လေ့လာမှု၏အဓိကစိတ်ဝင်စားဖွယ်အချက်များ

  • အဆောက်အအုံတွင်းနေထိုင်သူများ၏ သွေးတွင်းဖိအားပမာဏကို တိုးတက်ကောင်းမွန်စေသည်။
  • လုပ်ငန်းခွင်ပျက်ကွက်သူ လျော့နည်းစေသည်။
  • ဘက်တီးရီးယားနှင့် မှိုစွဲခြင်းကို သိသိသာသာလျော့ကျစေသည်။
  • အဆောက်အအုံခြောက်လွှာအပေါ်ထပ်တွင် ကိုယ်ပိုင်ဖန်တီးထားသည့် စိမ်းလန်းအပင်များစိုက်ပျိုးထားခြင်းသည် ဖော်မယ်ဒီဟိုက် (formaldehyde)၊ ဘန်ဇင်း (benzene)၊ ဘက်တီးရီးယားနှင့် ပတ်ဝန်းကျင်လေထုမှ ကာဗွန်မိုနော့ဆိုက် (CO) တို့ကို ဖယ်ရှားပြီး သန့်ရှင်းလတ်ဆတ်သောလေကိုရရှိရန် အကူအညီ ဖြစ်စေကာ ၎င်းလေသန့်ကို လေအေးပေးစနစ်သို့ ထည့်သွင်းလည်ပတ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

11Paharpur Business Centre.

12Grihaindia.