[Source – SUSTENT Consulting Pvt. Ltd]
ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်း ဆူညံသံဆိုသည်မှာ မနှစ်မြို့ဖွယ် ဖြစ်ပြီး မလိုလားအပ်သော အသံများကို ရည်ညွှန်းသည်။ ကျန်းမာသော ပုဂ္ဂိုလ်များ အတွက် ကြားနိုင်သောကြိမ်နှုန်းသည် ၂၀-၂၀,၀၀၀ Hertz (Hz) ဖြစ်သည်။ ဆူညံသံကြောင့် အကြား အာရုံ ချို့ယွင်းမှုသည် ထိုကြိမ်နှုန်းကို ကျော်လွန်ပြီး ပိုမိုမြင့်မားသော ကြိမ်နှုန်း ၃၀၀၀-၆၀၀၀ Hz တွင် ဖြစ်ပွားနိုင်သည်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်း( Occupational Safety and Health Administration’s (OSHA) )မှ ပြဌာန်းချက်များအရ အရ အလုပ်သမား တစ်ဦးသည် စံသတ်မှတ်ထားသော အကြားအာရုံ အပြောင်းအလဲ (standard threshold shift (STS)) ကို တွေ့ကြုံရသော အခါတွင် အကြားအာရုံဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါသည်။ STS ဆိုသည်မှာ အလုပ်သမားများ၏ အခြေခံအသံဖိုင်နှင့် နှိုင်းယှဉ်ပါက အလုပ်သမား၏ အကြားအာရုံ အပြောင်းအလဲ ဖြစ်ခြင်းပင် ဖြစ်သည်။ OSHA သည် လုပ်ငန်းခွင်အတွင်း ဆူညံသံများ အတွက် တရားဝင် ကန့်သတ်ချက်များ ပြဌာန်းသတ်မှတ်ပေးသည်။ ဤကန့်သတ်ချက်များသည် အလုပ်သမား တစ်ဦး၏ အလုပ်ခွင်လုပ်ဆောင်သော တနေ့တာ ပျမ်းမျှ အလုပ်ချိန် (၈) နာရီ အပေါ် အခြေခံပါသည်။ ဆူညံသံအတွက် OSHA ၏ ခွင့်ပြုထားသော ကန့်သတ်ချက်မှာ ပျမ်းမျှ အလုပ်ချိန် (၈) နာရီ နှင့် အသံဆူညံမှု ပမာဏမှာ (၉၀) ဒက်စီဘယ် (dB) ဖြစ်သည်။ အသံဆူညံမှု ပမာဏ (၉၀) ဒက်စီဘယ် (dB) အထက်ရှိသော အသံများကို လူသားများသည် နေ့စဉ် (သို့မဟုတ်) အချိန်တိုင်း ကြားရပါက နာတာရှည် အကြားအာရုံ ထိခိုက်မှု ဖြစ်စေ နိုင်သည်။ အသံဆူညံမှု ပမာဏ (၁၁၀) ဒက်စီဘယ် (မသက်မသာ ဖြစ်မှုအဆင့်) ကျော်လွန်လာလျှင် စိတ်မသက်မသာဖြစ်လာနိုင်ပြီး၊ အသံဆူညံမှု ပမာဏ (၁၃၀) ဒက်စီဘယ် (နာကျင်ခြင်းအဆင့်) ထက် ကျော်လွန်ပါက နာလာပြီး အကြားအာရုံထိခိုက်နိုင်ပါတယ်။
၆.၁ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများတွင် ဆူညံသံ ထွက်ရှိခြင်းဆိုင်ရာ နိဒါန်း
ဆူညံသံသည် ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းခွင်အသီးသီးတွင် တွေ့ကြုံရသော လုပ်ငန်းခွင်ဆိုင်ရာအန္တရာယ်တစ်ခုဖြစ်သည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (Centre for Disease Control (CDC)) ၏ ခန့်မှန်းချက်အရ တစ်နှစ်လျှင် လုပ်သား(၂၂) သန်းခန့်သည် လုပ်ငန်းခွင် အတွင်း ဆူညံသံများကြားရနိုင်ခြေရှိပါသည်။ လှီးဖြတ်ခြင်း၊ ကြိတ်ခွဲခြင်း၊ ရောစပ်ခြင်း၊ ပုလင်း/စည်သွပ်ဘူးများနှင့် ဆေးကြောခြင်းကဲ့သို့သော စက်ကိရိယာအမျိုးမျိုးနှင့် လုပ်ဆောင်မှုများကြောင့် စားသောက်ကုန်နှင့် အဖျော်ယမကာ စက်ရုံများအတွင်းမှ ထွက်ပေါ်လာသော မြင့်မားသော ဆူညံသံအဆင့်များကို ထိတွေ့မိပါက အလုပ်သမားများအကြား ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။
1Berglund, B., Lindvall, T., Schwela, D.H. and World Health Organization, 1999. Guidelines for community noise.
2Occupational Safety and Health Administration. US Department of Labor.
3Hon, C.Y., Tchernikov, I., Fairclough, C. and Behar, A., 2020. Case Study in a Working Environment Highlighting the Divergence between Sound Level and Workers’ Perception toward Noise. International Journal of Environmental Research and Public Health, 17(17), p.6122.