အစိမ်းရောင်ဘဏ္ဍာရေးဆိုသည်မှာ ပတ်ဝန်းကျင်ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ထိန်းသိမ်းထား သော ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်သော ဘဏ္ဍာရေးနယ်ပယ်တစ်ခုဖြစ်သည်။ ဤ ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ကြမ်းများအသုံးပြုမှုကို လျှော့ချခြင်း၊ ခြိုးခြံချွေတာမှုကို တိုးတက်ကောင်း မွန်စေခြင်း ၊ စွန့်ထုတ်မှုများကို လျှော့ချခြင်း ဥပမာ – ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ညစ်ညမ်းမှုများ။ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ခွဲခြား သတ်မှတ်နိုင်သော အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ စွမ်းအင်ခြိုးခြံချွေတာမှု – တူညီသောထုတ်ကုန်အရေအတွက်ကို စွမ်းအင်ပမာဏလျှော့ချ၍ ထုတ်လုပ်ခြင်းနှင့် တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်မည်။ ဥပမာ များမှာ –
(က) စွမ်းအင်သုံးစွဲမှုမြင့်မားသည့် စက်ဟောင်းများကို လဲခြင်း။
(ခ) ဘွိုင်လာဟောင်းများကို ဘွိုင်လာအသစ်များဖြင့် လဲခြင်း။
(ဂ) LED မီးသီးများ အသုံးပြုခြင်း။
(ဃ) စွမ်းအင်ခြိုးခြံချွေသာသော အပူနှင့်လေအေးပေးစက် တပ်ဆင်ခြင်း
(င) စွမ်းအင်သုံးစွဲမှုလျှော့ချရန် ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် ပိုလျှံသော စွန့်ပစ် ပစ္စည်းများကို အပူပေးရန် အသုံးပြုခြင်း။
(စ) စွမ်းအင်ထိန်းသိမ်းရန် အဆောက်အဦးများကို အဆင့်မြှင့်တင်ခြင်း။
(ဆ) မော်တော်ယာဥ်အဟောင်းများကို စွမ်းအင်ချွေတာသည့် မော်တော်ယာဥ်အသစ်များ ဖြင့် အစားထိုးခြင်း။
(ဇ) လျှပ်စစ်နှင့် နှစ်မျိုးစပ် ယာဥ်များကို အသုံးပြုခြင်း။
၂။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တပ်ဆင်ခြင်းဖြင့် ကျောက်မီးသွေးနှင့် ဟိုက်ဒရိုကာဘွန် လောင်စာ သုံးစွဲမှုကို လျှော့ချနိုင်သည်။ ဥပမာအားဖြင့် ဒီဇယ်၊ ဓာတ်ဆီအသုံးပြုခြင်း။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဥပမာများမှာ-
(က) လျှပ်စစ်ဓာတ်အားအတွက် ဆိုလာပြားများ တပ်ဆင်ခြင်း။
(ခ) ရေပူ ထုတ်လုပ်ရန်အတွက် ဆိုလာပြားများ တပ်ဆင်ခြင်း။
(ဂ) အပူနှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ဇီဝလောင်စာကို အသုံးပြုခြင်း။
(ဃ) စွမ်းအင်ထုတ်လုပ်ရန် လေရဟတ်များ (လေအားလျှပ်စစ် စက်များ) တပ်ဆင်ခြင်း။
(င) ဘူမိအပူစွမ်းအင်ဖြင့် အဆောက်အဦးကို အပူနှင့်လေအေးပေးရန် အသုံးပြုခြင်း။
(စ) ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်မှုမရှိသော ရေအားလျှပ်စစ်အားစက်ရုံများ တည်ဆောက်ခြင်း။
(ဆ) ရေလှိုင်းစွမ်းအင်ကို အသုံးပြုခြင်း။
(ဇ) စွန့်ပစ်ပစ္စည်းမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း။
၃။ မြစ်များ ၊ ရေကန်များ ၊ ပင်လယ်နှင့် မြေအောက်ရေများသို့ စွန့်ပစ်ရေဆိုးများ ထုတ်လွှတ်ခြင်းကို လျှော့ချရန် ရေဆိုးသန့်စင်/စက်ရုံများ တပ်ဆင်ခြင်း/တည်ဆောက်ခြင်းနှင့် ရေနှင့် မိုးရေများကို ပြန်လည်အသုံးပြုခြင်း။
၄။ လေထုတ်ညစ်ညမ်းမှု လျော့ချရန် တပ်ဆင်ခြင်း။
၅။ စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းနှင့် သန့်စင်ခြင်း ၊ ပြန်လည်ရယူအသုံးပြုနိုင်သော စက်ရုံများတွင်ရင်းနှီးမြှုပ်နှံခြင်းနှင့် စွန့်ပစ်ပစ္စည်များသိမ်းဆည်းခြင်း ဥပမာ- စည်ပင်သာယာအဆင့်။
၆။ အစိမ်းရောင်ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများသည် တစ်ဦးတစ်ယောက်မှ သူ/သူမ၏ မီးသီးများကို အဲလ်အီးဒီးမီးလုံးဖြင့် ပြောင်းလဲခြင်း ၊ ညနေခင်းတွင် အလင်းရောင် အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို အသေးစားဖောက်သည်တစ်ဦးမှ ရင်းနှီး မြှုပ်နှံခြင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ဟောင်းသော ပစ္စည်းကိရိယာ များကို အသစ်များဖြင့် ပြောင်းလဲခြင်း ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများသည် ၄င်းတို့၏ အဆောက်အဦးများကို အပူကာကွယ်ခြင်း