[Source – SUSTENT Consulting Pvt. Ltd]
လေထုညစ်ညမ်းခြင်းဆိုသည်မှာ လေထု၏ သဘာဝပင်ကိုယ်လက္ခဏာ များကို ပြောင်းလဲစေသည့် ဓာတုပစ္စည်း၊ ရုပ်ဝတ္ထုပစ္စည်းနှင့် ဇီဝပစ္စည်းများ ကြောင့် အဆောက်အအုံတွင်းနှင့် ပြင်ပပတ်ဝန်းကျင်တို့တွင် ညစ်ညမ်းမှု ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။ မြို့တခွင်ပျံ့နှံ့လျက်ရှိသော မီးခိုးမြူများမှသည် စက်ရုံတွင်းရှိ မီးခိုးငွေ့များအပါအဝင် လေထုညစ်ညမ်းမှုများသည် ကျန်းမာရေးနှင့် ရာသီဥတုကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် စိုးရိမ်ဖွယ် ရာ ဖြစ်ပေါ်နေပါသည်။ အောက်ဖော်ပြပါအခန်းကဏ္ဍများတွင် လေထု ညစ်ညမ်းမှု၊ ၎င်း၏ရင်းမြစ်များ၊ အမျိုးအစားများနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများကို ဆွေးနွေးပါမည်။
၅.၁ လေထုညစ်ညမ်းမှု (အဆောက်အအုံတွင်း လေထုညစ်ညမ်းမှု အပါအဝင်) ကို နားလည်သဘောပေါက်ခြင်း
သင့်ပတ်ဝန်းကျင်ရှိလေထုကို ကောင်းစွာနားလည်သဘောပေါက်ရန်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေနိုင်ပါသည်။
သင့်ပတ်ဝန်းကျင်ရှိလေထုကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အောက်ပါမေးခွန်းများကိုဖြေပါ။
သင်၏အဖြေသည် “မှန်ပါသည်/ဟုတ်ပါသည်” ဆိုပါက လေထုညစ်ညမ်းမှု အကျိုးဆက်များ ဖြစ်ပေါ်နေကြောင်းညွှန်ပြနေပါသည်။
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသည်းရောဂါ၊ အဆုတ်ကင်ဆာ၊ ချက်ချင်း/ပြင်းထန်နှင့် နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားပြီး တစ်နှစ်လျှင် ခန့်မှန်းခြေ အားဖြင့် (၄.၂) မီလီယံခန့် သေဆုံးနေပါသည်1။ လေထုအရည်အသွေးသည် ကမ္ဘာ့ရာသီဥတုနှင့် ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်တို့နှင့် နီးကပ်စွာဆက်နွယ် နေပါသည်။ လေထုညစ်ညမ်းမှုဖြစ်ပွားစေရန် တွန်းပို့နေသည့်အကြောင်း အရင်းများ (ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများလောင်ကျွမ်းမှု)သည် ဖန်လုံအိမ်ဓာတ်ငွေ့ (greenhouse gas) ထုတ်လွှတ်မှုရင်းမြစ်များလည်း ဖြစ်ပါသည်။
1WHO. 2021. Ambient (outdoor) air pollution.
လေထုညစ်ညမ်းမှု၏ရင်းမြစ်များ
လေထုညစ်ညမ်းမှုရင်းမြစ်များမှာ –
ပုံ ၁ – လေထုညစ်ညမ်းမှုရင်းမြစ်များ
Source: STENUM Asia
ထို့အတူ အဆောက်အအုံအတွင်းလေထုညစ်ညမ်းမှုရင်းမြစ်များတွင် ဆေးလိပ်မီးခိုးများ၊ လောင်ကျွမ်းမှုဖြစ်စဉ်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အဆောက်အအုံပြင်ပရင်းမြစ်များ၊ မီးမလောင်စေသည့်ပစ္စည်းများ စသည် တို့လည်း ပါဝင်ပါသည်။
လေထုညစ်ညမ်းစေသည့်ပစ္စည်းအမျိုးအစားများ
အဆောက်အအုံပြင်ပလေထုညစ်ညမ်းစေသည့်အရာများ
အမေရိကန်ပြည်ထောင်စုလေထုညစ်ညမ်းမှုဆိုင်ရာအက်ဥပဒေ (USEPA)၊ သန့်ရှင်းသောလေထုဆိုင်ရာအက်ဥပဒေ (၁၉၇၀) အရ စံသတ်မှတ်ထား သည့် လေထုညစ်ညမ်းစေသည့်အရာ (၆)ခု2မှာ –
ဇယား ၁ – အဆောက်အအုံပြင်ပလေထုညစ်ညမ်းစေသည့်အရာများနှင့် ထုတ်လွှတ် သည့်ရင်းမြစ်များ
ညစ်ညမ်းစေသည့်ပစ္စည်းအမျိုးအစား | ထုတ်လွှတ်မှု၏အဓိကရင်းမြစ်များ |
ကာဗွန်မိုနော့ဆိုက် (CO) | ယာဉ်များ၊ အပြည့်အဝမလောင်းကျွမ်းသည့် လောင်စာ လောင်ကျွမ်းမှု၊ လေဝင်ထွက်ပေါက်မဟုတ်သည့် နေရာမှ ဓာတ်ငွေ့ယိုစိမ့်မှု |
မြေပြင်အဆင့်ရှိအိုဇုန်း (O3) | အငွေ့ပျံလွယ်သည့် အော်ဂဲနစ်ကာဗွန်များ (VOCs) နှင့် နိုက်ထရိုဂျင်အောက်ဆိုက် (NOx) တို့ကြား နေရောင်ခြည် ကြောင့် ဓာတုဓာတ်ပြုခြင်းဖြစ်စဉ်မှ ထွက်ပေါ်လာပါသည်။ ကားများ၊ စွမ်းအင်ထုတ်စက်ရုံများ၊ စက်ရုံသုံးဘွိုင်လာများ၊ ဆီသန့်စင်ချက်လုပ်စက်ရုံများ၊ ဓာတုစက်ရုံများနှင့် အခြား ရင်းမြစ်များမှ ထုတ်လွှတ်သည့် ညစ်ညမ်းစေသည့်အရာများ သည် နေရောင်ခြည်နှင့် ထိတွေ့ပြီး ဓာတုဓာတ်ပြုခြင်းများ ဖြစ်ပေါ်ကာ ထိုသို့ဖြစ်လာခြင်းဖြစ်ပါသည်။ |
ဆာလဖာဒိုင်အောက်ဆိုက် (SO2) | စွမ်းအင်ထုတ်စက်ရုံများတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ များ လောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆာလဖာ ပါဝင်မှုများသည့် လောင်စာများ မီးရှို့ခြင်း |
ခဲသတ္ထု (Pb) | သတ္ထုရိုင်းနှင့် သတ္ထုများထုတ်လုပ်သည့်လုပ်ငန်းစဉ်များ၊ ခဲသတ္ထုအရည်ကျိုသည့်ဖိုများ၊ ခဲအက်ဆစ်ဘက်ထရီ ထုတ်လုပ်သည့်လုပ်ငန်း |
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2) | ယာဉ်များနှင့် စွမ်းအင်ထုတ်စက်ရုံများ |
အမှုန်များ (Particulate Matter, PM) | ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ မခင်းထားသည့်လမ်းများ၊ ကွင်းပြင်များ၊ မီးခိုးခေါင်းတိုင်များ၊ မီးဖိုများ၊ စွမ်းအင်ထုတ် စက်ရုံများနှင့် မော်တော်ယာဉ်များ |
2USEPA. https://www.epa.gov/criteria-air-pollutants
အဆောက်အအုံတွင်းလေထုညစ်ညမ်းစေသည့်အရာများ
ဇယား ၂ – အဆောက်အအုံတွင်းလေထုညစ်ညမ်းစေသည့်အရာများနှင့် ထုတ်လွှတ် သည့်ရင်းမြစ်များ3
ညစ်ညမ်းစေသည့်ပစ္စည်းအမျိုးအစား | ထုတ်လွှတ်မှု၏ အဓိကရင်းမြစ်များ |
ဓာတ်မတည့်စေသည့်ပစ္စည်းများ (Allergens) | အိမ်တွင်းအမှုန်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ အင်းဆက် ပိုးမွှားများ |
ကျောက်ဂွမ်းများ (Asbestos) | မီးမလောင်စေသည့်ပစ္စည်းများ၊ အပူကာပစ္စည်းများ |
ကာဗွန်ဒိုင်အောက်ဆိုက် | ခန္ဓာကိုယ်တွင်းဓာတုနည်းဖြင့်ဓာတ်ပြောင်းလဲမှုဖြစ်စဉ်၊ လောင်ကျွမ်းမှုဆောင်ရွက်ခြင်းများ၊ ကားဂိုဒေါင်ရှိ မော်တော်ယာဉ်များ |
ကာဗွန်မိုနော့ဆိုက် | လောင်စာမီးရှို့ခြင်း၊ ဘွိုင်လာများ၊ မီးဖိုများ၊ ဓာတ်ငွေ့နှင့် ရေနံဆီသုံးအပူပေးစက်များ၊ ဆေးလိပ်မီးခိုးများ |
အော်ဂဲနစ်ပစ္စည်းများ | ကော်များ၊ ပျော်ဝင်မှုကိုအားပေးသောဖျော်ရည်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အငွေ့ပျံခြင်း၊ လောင်ကျွမ်းခြင်း၊ သုတ်ဆေးများ၊ ဆေးလိပ်မီးခိုးများ |
ပိုလီဆိုက်ကလစ် အေရိုမတ်တစ် ဟိုက်ဒရိုကာဗွန် (PAHs) | လောင်စာလောင်ကျွမ်းမှု၊ ဆေးလိပ်မီးခိုးများ |
3Jones, A.P., 1999. Indoor air quality and health. Atmospheric environment, 33(28), Indoor air quality and health – ScienceDirect; www.sciencedirect.com
အစားအစာနှင့်အဖျော်ယမကာစက်ရုံများနှင့်သက်ဆိုင်သည့် အဓိက လေထုညစ်ညမ်းစေသည့်အရာများမှာ အမှုန်များနှင့် အငွေ့ပျံလွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည်။
ပုံ ၂ – အဆောက်အအုံတွင်းလေထုထဲရှိ အဓိကညစ်ညမ်းပစ္စည်းများ
Source: Tips to control indoor air quality
၅.၂ ပတ်ဝန်းကျင်နှင့်ကျန်းမာရေးအပေါ် သက်ရောက်သော လေထု ညစ်ညမ်းမှု၏ အကျိုးဆက်များကို နားလည်သဘောပေါက်ခြင်း
ပုံ ၃ – လေထုညစ်ညမ်းမှု၏ ကျန်းမာရေးသက်ရောက်မှုများ
Source: Dreamtime.com
ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများမှာ –