သင်၏လုပ်ငန်းတွင် ပိုမိုသန့်ရှင်းသောထုတ်လုပ်မှု ထူထောင်ရာတွင် စဥ်းစားနိုင်ရန် အဓိကကျသည့် အချို့သော လုပ်ထုံးလုပ်နည်းနှင့် အလေ့အကျင့်များကို ဖော်ပြထားသည်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် သည် ကုမ္ပဏီ၏ မဟာဗျူဟာ ၊ စီမံခန့်ခွဲမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာ များတွင် ပိုမိုသန့်ရှင်းသောထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်ပုံစံတစ်ခုကို စီစဉ်ရေးဆွဲထားရမည်။ ရလဒ်အနေဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် (EMS) သည် ပိုမိုသန့်ရှင်းသော ထုတ်လုပ်မှုကို အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အထောက်အကူပြုတစ်ခုဖြစ်ပြီး ၊ အကောင်အထည်ဖော်ဆောင်ရန်လမ်းပြပေးနိုင်မည်။ ထို့ကြောင့် သန့်ရှင်းသော ထုတ်လုပ်မှု နည်းပညာများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်ဖြင့် ပေါင်းစပ်ခြင်းသည် စနစ်တစ်ခုတွင် လုံးဝ ညစ်ညမ်းမှု မရှိစေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ၊ သန့်ရှင်းသောထုတ်လုပ်မှု နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၏ အကျိုးကျေးဇူးနှစ်ရပ်လုံးကို ပေါင်းစည်းပေးပြီး အကျိုးကျေးဇူးများကို မြှင့်တင် ပေးနိုင်မည်။
ကောင်းမွန်သောထိန်းသိမ်းမှု – ကောင်းမွန်သောထိန်းသိမ်းမှုဆိုသည်မှာ ယိုစိမ့်မှုများ အားလုံးကို ပြန်လည်ပြုပြင်ရန်နှင့် ဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် ရေပိုက်ခေါင်းများနှင့် စက်ကိရိယာများကို မလိုအပ်ပါက ပိတ်ထားခြင်းဖြစ်သည်။ ကောင်းမွန်သောပြုပြင်ထိန်းသိမ်းမှုသည် ရိုးရှင်းသော်လည်း ၊ စီမံခန့်ခွဲသူများ၏ အာရုံစိုက်မှု နှင့် ဝန်ထမ်းများကို လေ့ကျင့်ပေးမှုများလိုအပ်ပြီး ၊ ပုံမှန်စစ်ဆေးမှုများ နှင့် လေ့လာစောင့်ကြည့်မှု များလည်း ရှိရမည် ဖြစ်သည်။ ကောင်းမွန်သောထိန်းသိမ်းမှုသည် ချောနေသည့် ကြမ်းပြင်များ သို့မဟုတ် ဓာတ်ငွေ့ပေါက်ကွဲမှုများ အစရှိသည့် လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ပွားမှုများကို ကာကွယ်ရာတွင်လည်း အထောက်အကူပြုသည်။ ပိုက်များကို အပူကာများ တပ်ဆင်ခြင်းနှင့် ရေနွေးငွေ့ ယိုစိမ့်မှုနှင့် ရေနွေးငွေ့များလှောင်ပိတ်ခြင်း များကို ပြုပြင်ခြင်း ဥပမာ ၇၀၀ kPa ရှိ ရေနွေးငွေ့လိုင်းတစ်ခုတွင် ၁ မီလီမီတာ အပေါက်တစ်ခုကြောင့် တစ်နှစ်လျှင် လောင်စာ ၃၀၀၀ လီတာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ (Prasad et al. 2004)။
လုပ်ငန်းအဆင့်ဆင့် ပိုမိုကောင်းမွန်လာစေရန် ကြီးကြပ်ကွပ်ကဲခြင်း – လုပ်ငန်းအဆင့်ဆင့် ပိုမိုကောင်းမွန်လာစေရန်ကြီးကြပ်ကွပ်ကဲခြင်းဆိုသည်မှာ သယံဇာတ အရင်းအမြစ်များကို ဂရုစိုက် သုံးစွဲခြင်း ၊ ကုန်ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ထုတ်လွှတ်မှုလုပ်ငန်းစဥ် အခြေအနေများကို အသင့်တော်ဆုံးဖြစ်နေစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ လုပ်ငန်းအဆင့်ဆင့်တွင် အရေးကြီး သတ်မှတ်ချက်များဖြစ်သည့် အပူချိန် ၊ ဖိအား ၊ ချဉ်ငံကိန်း၊ ထုတ်လုပ်မှု မြန်နှုန်းအစရှိသည်တို့ကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ဖြစ်နိုင်သမျှ အသင့်တော်ဆုံး အနေအထားနှင့် နီးနိုင်သမျှနီးကပ်စေရန် ထိန်းသိမ်းထားရမည်ဖြစ်သည်။
ပစ္စည်းကိရိယာ နှင့် ကုန်ကြမ်းများ အစားထိုးခြင်း – ပစ္စည်းကိရိယာကို အစားထိုခြင်း ဆိုသည်မှာ စွမ်းဆောင်ရည် မြင့်မားသည့် အရည်အသွေးမြင့်ပစ္စည်းများကို ဝယ်ယူခြင်း ဖြစ်သည်။ များသောအားဖြင့် ကုန်ကြမ်းအရည်အသွေးသည် ထုတ်လုပ်နိုင်သည့် ပမာဏနှင့် ထုတ်ကုန်အရည်အသွေးတို့ အကြားတွင် ဆက်နွယ်မှု ရှိသည်။ အသုံးပြုသည့် ပစ္စည်းကိရိယာကို အစားထိုးခြင်းသည် လက်ရှိ အသုံးပြုနေသော ပစ္စည်းကိရိယာများကို ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ပစ္စည်း ကိရိယာများ ဖြင့် အစားထိုးခြင်းလည်းဖြစ်သည်။
ပစ္စည်းကိရိယာ ပြုပြင်မွမ်းမံခြင်း – ပစ္စည်းကိရိယာ ပြုပြင်မွမ်းမံခြင်းဆိုသည်မှာ လက်ရှိပစ္စည်း ကိရိယာများကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ခြင်းဖြင့် အသုံးပြုသည့် ပစ္စည်းကိရိယာများ ဆုံးရှုံးမှုနည်းပါးစေရန်ဖြစ်သည်။ အင်ဂျင်တစ်ခု၏ အမြန်နှုန်းကို ထိန်းညှိခြင်း ၊ သိုလှောင်ကန်တစ်ခု၏ အရွယ်အစားကို ချဲ့ထွင်းခြင်း ၊ အပူနှင့်အအေး မျက်နှာပြင်ကို ကာကွယ်ရန် သို့မဟုတ် ပစ္စည်းကိရိယာ တစ်ခု၏ အရေးပါသော အစိတ်အပိုင်း၏ ဒီဇိုင်းကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း အစရှိ သည့် ပြုပြင်မွမ်းမံမှုများပြုလုပ်နိုင်သည်။ Star-Delta ချိတ်ဆက်မှုကို မြန်နှုန်းတစ်ခုဖြင့် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြင့် စွမ်းအင်ခြိုးခြံချွေတာမှုကို ပိုမိုဖြစ်စေမည်။
နည်းပညာ ပြောင်းလဲခြင်း – နည်းပညာပြောင်းလဲခြင်းဆိုသည်မှာ ခေတ်မီပြီး ပိုမိုထိရောက်သော ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းဖြစ်သည် ၊ ဥပမာ ထိရောက်မှု မြင့်မားသော ဘွိုင်လာတစ်ခု သို့မဟုတ် ဆေးအရောင် အချိုးအဆ နည်းပါးသည့် ဂျက်ဆေးဆိုးစက်တစ်ခု။ နည်းပညာပြောင်းလဲမှုသည် အခြားသန့်ရှင်းသောထုတ်လုပ်မှု ရွေးချယ်စရာများထက် ရင်းနှီးမြှုပ်နှံမှု ပို၍ လိုအပ်သည် ၊ ထို့ကြောင့် ဂရုတစိုက် ထည့်သွင်းစဥ်းစားရမည်။ သို့သော် ၊ ကုန်ကျစရိတ်သက်သာစေနိုင်မည့် အလားအလာ ရှိခြင်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်မှုများကြောင့် သတ်မှတ်ထားသော အချိန်ကာလတစ်ခု အတွင်း၌ ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် အကျိုးအမြတ်ပြန်ရသည်။ ဥပမာတစ်ခုမှာ အသုတ်လိုက် ပိုးသတ်သည့်စက်များကို အဆက်မပြတ် ပိုးသတ်သည့်စက်များဖြင့် အစားထိုးခြင်း ၊ စွန့်ထုတ်မှု နည်းပါးသည့် ပလိတ်ပြား heat exchangers များ တပ်ဆင်ခြင်းနှင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်မည့် counter current heat regeneration အသုံးပြုခြင်း (UNEP 2000) ။
လုပ်ငန်းခွင်မှ ပြန်လည်ရယူခြင်းနှင့် ပြန်လည်အသုံးပြုခြင်း – လုပ်ငန်းခွင်မှ ပြန်လည်ရယူခြင်းနှင့် ပြန်လည်အသုံးပြုခြင်းဆိုသည်မှာ “စွန့်ထုတ်ပစ္စည်း” ကို စုဆောင်း၍ ထုတ်လုပ်မှု လုပ်ငန်းစဥ်တွင် အလားတူ သို့မဟုတ် မတူညီသော နေရာတစ်ခုတွင် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ ရိုရှင်းသော ဥပမာတစ်ခုမှာ လုပ်ငန်းစဥ်တစ်ခုမှ သန့်စင်ထားသည့် ရေကို အခြားသန့်ရှင်းရေးလုပ်ငန်းစဥ်တစ်ခု တွင် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ နို့ထွက်လုပ်ငန်းစဥ်မှ ဥပမာတစ်ခုမှာ heat recovery ယူနစ် တစ်ခုတပ်ဆင်၍ ရေအေးစနစ်မှ ပြန်လည်ထွက်ရှိလာသည့် အပူချိန်ကို ရယူအသုံးပြု၍ နို့ အပူပေး ခြင်း။ ဤကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ရေနွေးငွေ့သုံးစွဲမှုကိုလျှော့ချနိုင်သည်။ ထိုကဲ့သို့ ကွဲပြားသော ပြုပြင်မွမ်းမံမှု နည်းလမ်းများနှင့် စနစ်များစွာရှိသည်။
အသုံးဝင်သော ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း – အသုံးဝင်သော ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းဆိုသည်မှာ “ကုန်ပစ္စည်းထုတ်လုပ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ” ကို စုဆောင်းခြင်း (နှင့်သန့်စင်ခြင်း) ဖြစ်ပြီး ၊ ၄င်းတို့ကို စီးပွားဖြစ်အသုံးပြုခြင်း သို့မဟုတ် ဝယ်ယူသူများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများထံ ရောင်းချခြင်း။ ဥပမာ – ဘီယာချက်စက်ရုံမှ ပိုလျှံသော တဆေး ကို ဝက်အစားအစာ ၊ ငါးမွေးမြူရေး သို့မဟုတ် အစားအစာဖြည့်စွက်ပစ္စည်းများအဖြစ်အသုံးပြုခြင်း။
ထုတ်ကုန် ပြုပြင်မွမ်းမံခြင်း – အသုံးပြုမှုအတွင်း သို့မဟုတ် အသုံးပြုပြီးနောက် (စွန့်ပစ်ပြီးနောက်) တွင် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ကို အနည်းဆုံးဖြစ်စေရန် ထုတ်ကုန်ဝိသေသလက္ခဏာများကို ပြုပြင်မွမ်းမံခြင်းဖြစ်သည်။ ထုတ်ကုန်ဝိသေသများကို ပြောင်းလဲသော်လည်း ထုတ်ကုန်သည် တူညီသော အရည်အသွေးများကို ထိန်းသိမ်းထားရမည်။ ထုတ်ကုန်ဒီဇိုင်း သို့မဟုတ် ထုတ်ကုန် ဒီဇိုင်းအား ပြန်လည်/အသစ်တစ်ဖန် တိုးတက်အောင်လုပ်ဆောင်ခြင်းသည် ကုန်ထုတ်လုပ်သည့် ပစ္စည်းများ သုံးဆွဲမှုအပေါ်တွင် သက်သာစေခြင်း ၊ ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ သက်သာစေခြင်းနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် ပြန်လည်ပြည့်ဖြိုးမြဲ ပစ္စည်းများ အသုံးပြုမှုလျှော့ချခြင်းကြောင့် ပတ်ဝန်းကျင် အပေါ်တွင် သက်ရောက်မှုများ လျော့နည်းလာခြင်း။ ထုပ်ပိုးမှုပုံစံပြောင်းလဲခြင်းသည် ထုတ်ကုန်ပြုပြင်ခြင်း၏ အရေးကြီးသော လုပ်ငန်းစဥ် တစ်ခုလည်း ဖြစ်နိုင်သည်။ ၄င်း၏ အဓိကအယူအဆမှာ အရည်အသွေးကို ထိန်းသိမ်းခြင်းအားဖြင့် ထုပ်ပိုးမှုကို လျှော့ချခြင်းဖြစ်သည်။ ဥပမာတစ်ခုမှာ ပျက်စီးလွယ်သော ပစ္စည်းများ ကာကွယ်ခြင်းအတွက် ပလပ်စတစ်ရေမြှုပ်အစား ပြန်လည်အသုံးပြုနိုင်သော ကတ်ထူပြားကို အသုံးပြုခြင်းဖြစ်သည်။