စွမ်းအင်ထိရောက်စွာသုံးစွဲမှု-နိဒါန်း ၊ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ

စွမ်းအင်ထိရောက်စွာသုံးစွဲမှု – နိဒါန်း

စွမ်းအင်သည် ထုတ်လုပ်မှုလုပ်ငန်းတိုင်းတွင် ကုန်ပစ္စည်း ထုတ်လုပ်ခြင်းအတွက် အဓိကကျသည့် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ကမ္ဘာ့ရေနံစျေးကွက် စျေးနှုန်း အတက်အကျ ကြောင့်၊ စွမ်းအင် သုံးစွဲမှု အတွက် ကုန်ကျစရိတ်သည် အရေးကြီးသည့် အဆင့် တစ်ခုအထိ လျင်မြန်စွာ ရောက်ရှိနိုင်သည်။ သတင်းကောင်းမှာ သင်၏လုပ်ငန်း သည် ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှု ပမာဏကို လျှော့ချခြင်းမရှိဘဲ စွမ်းအင် သုံးစွဲမှုကို လျှော့ချနိုင်မည့် နည်းလမ်းရှိခြင်းဖြစ်သည်။

စွမ်းအင်ထိရောက်စွာသုံးစွဲမှုဆိုသည်မှာ ရရှိနိုင်သည့် စွမ်းအင်ကို နည်းလမ်းတကျနှင့် ပြုန်းတီးမှု အနည်းဆုံးဖြင့် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် မီးအလင်းနှင့် လေအေးပေးစက်မှသည် မော်တာနှင့်ဘွိုင်လာအထိအစရှိသည်တို့ကို ပိုမိုထိ‌ရောက်သည့် ပစ္စည်းကိရိယာများဖြင့် အစားထိုး အသုံးပြုရန် စနစ်တကျ ချဥ်းကပ်သည့် ပုံစံတစ်ခုဖြစ်သည်။

လုပ်ငန်းကဏ္ဍတွင် ဝယ်ယူလိုအားနည်းနေလျှင် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များလည်း နှောင့်နေးနိုင်သည့်အတွက် စွမ်းအင်ထိရောက်စွာသုံးစွဲရေး လက်တွေ့လုပ်ဆောင် ခြင်းသည် ၎င်းစီးပွားရေးလုပ်ငန်းအပါအဝင် စွမ်းအင်ထုတ်လုပ်ပံ့ပိုးပေးသူများ အတွက်ပါ ကုန်ကျ စရိတ်သက်သာစေမည်။

ဥပမာအားဖြင့် ၊ အိမ်တစ်အိမ်တွင် နေအိမ်ထဲသို့ အပူဝင်ရောက်မှုကိုကာခြင်းသည် အဆောက်အအုံ အတွင်း သက်သောင့်သက်သာရှိစေသည့် အပူချိန်ဖြင့် ရှိနေရန်နှင့် ထိန်းသိမ်းထားရန်အတွက် အပူ/အအေး ထိန်းညှိပေးသည့် စက်အတွက် အသုံးပြုရမည့် စွမ်းအင် သက်သာစေမည်။

LED မီးချောင်းတပ်ဆင်ခြင်း၊ fluorescentမီးချောင်း သို့မဟုတ် သဘာဝအလင်းရောင် ဝင်ရောက် နိုင်သည့် ပြတင်းပေါက်များ တပ်ဆင်ခြင်းသည် အလင်းရောင်ဖြာထွက်သော သာမန်အသုံးပြု နေသည့် မီးသီးလုံးများကို အသုံးပြုခြင်းနည်းတူ တူညီသော ထွန်းလင်းတောက်ပမှုကို ရရှိနိုင်ပြီး  ကုန်ကျမည့် စွမ်းအင်ပမာဏလျော့နည်းစေသည်။

စွမ်းအင်ထိရောက်စွာသုံးစွဲခြင်းသည် စွမ်းဆောင်ရည် တူညီပြီး စွမ်းအင်ကုန်ကျမှု လျော့နည်းခြင်း ဖြစ်သည်။
Source: Integrating Conservation and Efficiency, dinct.wordpress.com

စွမ်းအင်ထိရောက်စွာသုံးစွဲမှု – ရည်ရွယ်ချက်

စွမ်းအင်ထိရောက်စွာသုံးစွဲမှု၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းတစ်ခုတွင် တူညီသော ထုတ်လုပ်မှု ပမာဏအတွက် စွမ်းအင်လျော့ချသုံးစွဲ၍ ထုတ်လုပ်နိုင်ရန် ဖြစ်သည်။ ဤလုပ်ငန်းစဥ်သည် ကုမ္ပဏီများ အား စွမ်းအင်သုံးစွဲမှု ကုန်ကျစရိတ်အတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးစေရန် ကူညီသည်။

စွမ်းအင်ထိရောက်စွာသုံးစွဲမှု – အကျိုးကျေးဇူးများ

စွမ်းအင်ထိရောက်စွာသုံးစွဲမှု အလေ့အကျင့်ကောင်းများ၏ အဓိက အကျိုးကျေးဇူး နှစ်ခုမှာ-

ပတ်ဝန်းကျင် – စွမ်းအင်ထိရောက်စွာသုံးစွဲမှုကို မြှင့်တင်ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG)၊ အခြား ညစ်ညမ်းမှုများအပါအဝင် ရေသုံးစွဲမှုကိုပါ လျှော့ချနိုင်သည်။ (၄င်းသည် အဖွဲ့အစည်းအား ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းများကို လိုက်နာရန် ကူညီနိုင်မည်။ ဥပမာ – ရေ သို့မဟုတ် စွမ်းအင်ခြိုးခြံချွေတာမှု သို့မဟုတ် ကာဗွန်လျှော့ချရေး။)

စီးပွားရေး– စွမ်းအင်ထိရောက်စွာသုံးစွဲမှုကို တိုးတက်အောင်ပြုလုပ်ခြင်းသည် တစ်ဦးချင်း ကုန်ကျစရိတ် သက်သာစေခြင်း ၊ အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် လျှပ်စစ်ဓာတ်အား စျေးနှုန်းများနှင့် မတည်ငြိမ်မှုများကို တည်ငြိမ်စေရန် အကူအညီဖြစ်စေသည်။

ကုမ္ပဏီတစ်ခုချင်းစီအတွက် ဤနည်းဖြင့် ငွေကြေးသက်သာနိုင်မည် – ပိုမိုခြိုးခြံချွေတာစွာ လည်ပတ် နိုင်သည့် စက်ရုံများသည် စွမ်းအင်လိုအပ်မှု နည်းပါးလာမည်။ လုပ်ငန်းလည်ပတ်စရိတ် နည်းပါးလာ ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင် ၊ အဆိုပါကုမ္ပဏီများသည် စွမ်းအင်သုံးစွဲမှု လျော့ကျခြင်း ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုမှာ ပို၍နည်းပါးပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ် လုပ်မှုလျော့ကျသွားမည်။

ဤ webpageကို  ဥရောပသမဂ္ဂ၏ ငွေကြေးအထောက်အပံ့ဖြင့် ဖန်တီးခြင်းဖြစ်ပြီး ထိန်းသိမ်းခြင်းများကို  MFPEA မှလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ပါဝင်သော အကြောင်းအရာများသည် MFPEA တစ်ဦးတည်း၏ ကိစ္စရပ်သာဖြစ်ပြီး ဥရောပသမဂ္ဂ၏ ရှုမြင်လက်ခံမှုကို ထင်ဟပ်သည်ဟု မယူဆနိုင်ပါ။