စွန့်ပစ်ရေသန့်စင်မှု – မိတ်ဆက်ခြင်း
စွန့်ပစ်ရေသန့်စင်မှု (WWT) သည် အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်းများမှ စွန့်ထုန်လိုက်သော စွန့်ပစ်ရေ သို့မဟုတ် အညစ်အကြေးများမှ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ဖယ်ရှားသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ စွန့်ပစ်ရေတွင် ညစ်ညမ်းမှုဖြစ်စေသောအရာများစွာပါဝင်ပြီး၊ ဗက်တီးရီးယားပိုး၊ ဓာတုပစ္စည်းများနှင့် အခြားအဆိပ်အတောက်များနှင့် အာဟာရဓာတ်များလည်း ပါဝင်သည်။
စွန့်ပစ်ရေသန့်စင်ခြင်းလုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးကြီးဆုံးလုပ်ငန်းစဥ် တစ်ခုဖြစ်ပြီး ၊ ကမ္ဘာတစ်ဝှမ်းတွင် အားပေးတိုက်တွန်းလျႇက်ရိႇသည်။ စွန့်ပစ်ရေကို စက်ရုံအတွင်း သီးသန့်သန့်စင်ခြင်းစနစ်ဖြင့်လည်းကောင်း ကုမ္ပဏီများစွာ နှင့်/သို့ အိမ်ထောင်စုများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများကို ကြီးမားသည့် ဗဟို စွန့်ပစ်ရေသန့်စင် စက်ရုံ (WWTP) တစ်ခုထံ လွှဲပို့၍လည်းကောင်း သန့်စင်နိုင်သည်။ ၎သန့်စင်ခြင်းစနစ်ကိရိယာများကို စွန့်ပစ်ရေများ ဒေသပတ်ဝန်းကျင်သို့ မစွန့်ထုတ်မှီ သေချာသောသန့်စင်မှုပြုလုပ်ရန်အတွက် ဒီဇိုင်းရေးဆွဲ ထားသည်။ သန့်စင်ပြီးဖြစ်သော ရေအချို့ကို စက်များ အအေးခံရန် နှင့်/သို့ စက်ရုံအတွင်း သန့်ရှင်းရေး အတွက် ပြန်လည်အသုံးပြုနိုင်သည်။
သဘာဝ စီမံကိန်းသည် စားသောက်ကုန်နှင့်အဖျော်ယမကာ (F&B) ထုတ်လုပ်သူများ၏ စက်ရုံတွင်စွန့်ပစ်ရေသန့်စင်စက်များ တပ်ဆင်နိုင်ရန် နည်းပညာ အထောက်အပံ့ပေးလျက်ရိႇသည်။
စွန့်ပစ်ရေသန့်စင်မှု – ရည်ရွယ်ချက်
စွန့်ပစ်ရေသန့်စင်မှု (WWT) ၏ ရည်ရွယ်ချက်သည် အိမ်များ ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်း များမှ စွန့်ထုတ်လိုက်သော စွန့်ပစ်ရေများကို စီမံခန့်ခွဲရန် ၊ ရေထုညစ်ညမ်းမှု အန္တရာယ် ကို လျှော့ချရန် အတွက် သတ်မှတ်ထားသည့် ညစ်ညမ်းစေသောပစ္စည်းများကို လက်ခံနိုင်သည့် အဆင့် အထိ လျှော့ချ ရန်။
ဤသည်မှာ များစွာသော အမျိုးသား ပတ်ဝန်းကျင်/ကုန်ထုတ်လုပ်မှုတို့နှင့် ဆက်စပ်သော ဥပဒေများ နှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်လည်းဖြစ်သည်။ ၄င်းသည် ကုမ္ပဏီများအား ပတ်ဝန်းကျင်နှင့် ပို၍သဟဇာတဖြစ်စေရန်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်စေရန် အခွင့်အလမ်း တစ်ခုလည်းဖြစ်သည်။
စွန့်ပစ်ရေသန့်စင်မှု – အကျိုးကျေးဇူးများ
စွန့်ပစ်ရေသန့်စင်မှု လုပ်ငန်းစဥ်သည် သန့်ရှင်းသော ပြန်လည်အသုံးပြုနိုင်သောရေကို ထုတ်လုပ် ပေးနိုင်ရုံသာမက အခြားအမျိုးမျိုးသော အကျိုးကျေးဇူးများကိုလည်းပေးသည်။ ၄င်းသည် နိုင်ငံ၏ စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကို လျှော့ချပေးခြင်း ၊ မီသိန်းဓာတ်ငွေ့ စုဆောင်းခြင်းဖြင့် စွမ်းအင် ထုတ်လုပ်ခြင်းနှင့် စုဆောင်းရရှိသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်ရန် အစရှိသည့် အလားအလာများစွာရှိသည်။ အောက်ဖော်ပြပါ ဥပမာ အချို့မှာ-
စွန့်ပစ်ပစ္စည်းလျှော့ချခြင်း – စွန့်ပစ်ရေသန့်စင်မှု လုပ်ငန်းမှတဆင့် ပတ်ဝန်းကျင်သို့ စွန့်ပစ်သော အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းပမာဏများကို လျော့နည်းစေသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် ၊ ကုမ္ပဏီများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာအန္တရာယ်များကိုပါ လျှော့ချနိုင်သည့်အပြင် ၊ ရေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာ ရေဆုံးရှုံးမှုကိုလည်း လျှော့ချနိုင် သည်။ စွန့်ပစ်ရေသန့်စင်မှုသည် နိုင်ငံတစ်နိုင်ငံမှ ညစ်ညမ်းမှုများကို တိုက်ဖျက်ရန်လိုအပ်သည့် ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး စီမံကိန်းများအတွက် သုံးစွဲရသော ငွေပမာဏကိုလည်း လျော့နည်းစေသည်။
စွမ်းအင်ထုတ်လုပ်မှု – သန့်စင်မှုကာလတွင် စုဆောင်းထားရှိသော အနည်အနှစ်သည် ကြီးမားသော ဆွေးမြေ့ပျက်စီးနိုင်သည့်ပစ္စည်းတစ်ခုပါဝင်ခြင်းကြောင့် ၄င်းကိုယ်တိုင် သန့်စင်မှုပြုလုပ်သည်။ ၄င်းကို အထူစီမံပြီး အလုံပိတ်ထားသော digester များထဲတွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ အပူပေး၍ အောက်ဆီဂျင်မဲ့ ဗက်တီးရီးယားပိုးများဖြင့် သန့်စင်သည်။ ဤနယ်ပယ်တွင် အောက်ဆီဂျင်မဲ့ ဗက်တီးရီးယားပိုးများသည် အောက်ဆီဂျင်မရှိဘဲ ရှင်သန်သည်။ ယခုလုပ်ငန်းစဥ်တွင် ကြီးမားသော မီသိန်းဓာတ်ငွေ့ပမာဏပါဝင်ပြီး ၊ ၄င်းကို စုဆောင်းယူပြီးနောက်တွင် လောင်ကျွမ်းစေခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည်။
ဓာတ်မြေသြဇာထုတ်လုပ်မှု– ကျန်ရှိသော ဆွေးမြေ့ပျက်စီးနိုင်သည့်ပစ္စည်းများကို “ခြောက်သွေ့သည့် အိုင်များ”ထဲတွင် အခြောက်ခံနိုင်ပြီး ၊ ထို့နောက်တွင် သဘာဝမြေသြဇာအဖြစ် ပြောင်းလဲသည်။ ဤသဘာဝဓာတ်မြေသြဇာကို စိုက်ပျိုးရေးတွင် သီးနှံအထွက်တိုးစေရန် အသုံးပြုနိုင်သည်။ ထိုကဲ့သို့ သဘာဝမြေသြဇာကိုအသုံးပြုခြင်းသည် ၊ ဓာတုမြေသြဇာအသုံးပြုခြင်းကြောင့် အနီးနားရှိ ရေမျက်နှာ ပြင်နှင့် ဂေဟစနစ်များ၏ မြေမျက်နှာပြင်တို့အား ညစ်ညမ်းမှုကို လျော့နည်းစေသည်။